"လာတော့ ဒီနားလာထိုင်..."
"........."
ကျီချန်းနှင့် ရှောင်ရီတို့ ချိုက်အန်း မြို့ပြင်ရှိ
စားသောက်ဆိုင် တစ်ခုတွင်ဝင်နားကြရင်း
ကျီချန်းက လက်ဖက်ရည်သောက်နေရင်းမှပြောလိုက်သည်။ရှောင်ရီကလည်း ကျီချန်းဘေးတွင်
မတ်တပ်ရပ်လျက် အသင့်အနေအထားဖြင့်ရှိနေသည်။ကျီချန်းထိုစကားပြောလိုက်သည်နှင့်
သူတို့၏ နှစ်ခုံကျော်ထောင့်ဘက်စားပွဲနားမှ
ယောက်ျားလေးတစ်ဦးထလာပြီး
သူတို့ဆီသို့ တည့်တည့်လျောက်လာသည်။ထိုသူက ကျီချန်းနားရောက်သည်နှင့်
အမြန်ပင်ထိုင်ချလိုက်ပြီး
ဆူပုတ်ပြနေသည်။ကျီချန်းက လက်ဖက်ရည် သောက်နေရင်းပင်
"ဘယ်ချိန်ထဲကတကောက်ကောက်လိုက်နေတာလည်း"
"နင်ထွက်သွားတည်းက.
ငါလိုက်လာတာ မသိသာအောင် ဒီလိုပုံစံတောင်
ဝတ်စားထားတဲ့ဟာကို ဘယ်လိုလုပ်သိသွားတာလည်း""ငါကနင့်အကိုပါ....နင့်လောက်ကတော့ ကဲပြောစမ်း
နင့်ဘာသာ ထွက်လည်တာဆိုရင်တော့
ငါ့နောက်လိုက်မှာမဟုတ်ဘူး
နင်ဆန့်ကျင်ဘက်ကိုသွားမှာပဲ ဘာလည်း
ဦးရီတော် ကလိုက်လာခိုင်းတာမလား""နင် မှန်းတာတကယ်မှန်တယ်
သူငါ့ကို ဒါလိုက်ပေးခိုင်းတာ"ကျီယွမ်က သူမ၏ ဝတ်ရုံအတွင်းမှ
သဝဏ်လွှာ တစောင်အား ထုတ်ပေးလိုက်သည်။ကျီချန်းကကြည့်ပြီး
"ဘာကြီးလဲ "
"ဖိတ်စာလေ...ချိုက်အန်းက ဘုရင် မိဖုရားခေါင်ကြီး
တင်မြှောက်ပွဲ နောက်တပတ် ကျင်းပမှာ"ကျီချန်းက ထိုစာအားဖတ်လိုက်ပြီး
"ဦးရီတော် က မဟာမိတ်ပါဖွဲ့စေချင်တဲ့ပုံပဲ
အင်း.....ငါသွားရမှာပေါ့ ""ငါလည်း လိုက်မှာနော်....အခုတော်ကောက်တဲ့
မိဖုရားကအရမ်းလှတယ်တဲ့
ပြီးတော့ သူမှာ မိဖုရားတွေပေါမှပေါငါတယောက်လောက်ပြန်ပေးဆွဲမလားလို့"
"အမလေး....တော်ပါတော်ပါ မင်းသမီး ရဲ့
အချိုးတွေကို ကိုယ့်အိမ်မှာပဲကိုယ်ထားခဲ့ပေးပါ
ဘာပြဿနာမှမရှာပါနဲ့ခဗျာ"
YOU ARE READING
Love, But Hurt (Completed) Season 1
Romanceရင်ထဲမှာတောင်းဆုတစုံတရာမရှိခဲ့ပေမဲ့လည်း.....ဖြစ်တည်လာတဲ့ တခုတည်းသောတောင်းဆုက မင်းပဲ...... အန်းလု ရင်ထဲမှာတောင်းဆုတစုံတရာမရှိခဲ့ပေမဲ့လည်း..... ဖြစ်တည်လာတဲ့တစ်ခုတည်းသောတောင်းဆုက မင်းပဲ.....အန်းလု