အပိုင်း ၆၃

20.2K 1.7K 54
                                    

"အမလေး....ငါ့တူမလေး....
အဖြစ်ဆိုးလှချည်လား......"

ကျယ်လောင်လှသောအသံဖြင့်
ရင်ကွဲလုမတက် ခံစားရကာအော်ဟစ်
ငိုယိုနေသော မယ်တော်ကြီးကြောင့်

ချီရှန်း စားပွဲဘေးတွင်ထိုင်လျက်
ငြိမ်သက်နေမိသည်။

ဟွားလင်ကတော့ ကုတင်ထက်တွင်
ငြိမ်သက်ကာနေလျက်။
သမားတော်များအားလုံးက
စစ်ဆေးပြီးနောက် အသက်မရှိတော့ကြောင်း
ကြေညာလိုက်တော့သည်။

မယ်တော်ကြီးမှာတော့ ဟွားလင်အနား
မဖဝါးမှမခွာပဲ ငိုကာနေတော့သည်။
ချီရှန်းက မယ်တော်ကြီးအနားသို့
လျှောက်လာလိုက်ပြီး

"မယ်တော်.....သွားအနားယူလိုက်ပါ
ကျွန်တော် ဟွားလင်အနားမှာ
နေပေးလိုက်မယ်......"

မယ်တော်ကြီးက ကျဆင်းနေသော
မျက်ရည်စများအား လက်ကိုင်ပဝါဖြင့်
သုတ်ပစ်လိုက်ပြီးနောက်

ချီရှန်း ရင်ဘတ်အား ထုရိုက်ကာ

"ကျေနပ်ပြီလား....အခုမင်းကျေနပ်သွားပြီလား

အမလေး......အားလင်လေး...ငါ့ရဲ့
သနားဖို့ကောင်းတဲ့တူမလေး.........

ဘာလို့ဒီလမ်းကိုရွေးချယ်ရတာလည်း..."

မယ်တော်ကြီးကျောအား ချီရှန်းအသာပုတ်ကာ
နှစ်သိမ့်ပေးနေမိသည်။

မည်မျှပင်ဆိုးသွမ်းသည်ပြောပြော
တချိန်က မိမိချစ်ခင်ရသည့်
ညီမလေးတယောက်ဖြစ်ခဲ့သည့်အတွက်

ဟွားလင်အတွက် စိတ်မကောင်းဖြစ်သည်မှာ
အသေအချာပင်။

ချီရှန်းက မယ်တော်ကြီးအား
နှစ်သိမ့်ပေးနေရင်းပင်

ဟွားလင်အားတချက်ကြည့်လိုက်သည်။
မျက်စိအစုံကိုမှိတ်ချလိုက်ပြီးနောက်
ခေါင်းအားအနည်းငယ်စောင့်လိုက်ရင်း
အနောက်တွင်ရှိသော ရှောင်ရှင်းအား
အမိန့်ပေးလိုက်သည်။

"ရှောင်ရှင်း စာပို့ခိုလွှတ်လိုက်ပါ
လုံယွီ ဘုရင်ကိုအသိပေးလိုက်တော့
ဖြစ်လာတဲ့ပြဿ.....နာ ရှင်းရတော့မှာပဲ"

"ဟုတ်ကဲ့ပါ...အရှင်....."

ချီရှန်းက မယ်တော်ကြီးအားကြည့်လျက်

Love, But Hurt (Completed) Season 1Where stories live. Discover now