အပိုင်း ၃၈

27.8K 2.8K 157
                                    

ဘုရင်တပါးရဲ့ အချစ်ကိုရတာဟာလည်း
အရမ်းပင်ပန်းတဲ့ ကိစ္စ တစ်ခုပဲ

မိဖုရားတွေရဲ့ တီးတိုးပြောဆိုနေတဲ့အသံတွေ
အစေခံတွေရဲ့မျက်စောင်းတွေဟာ
အဘက်ဘက်ကနေတိုက်ခိုက်လာနေတယ်။

ဒါတွေကိုသာ အကုန်လိုက်ဂရုစိုက်နေမိရင်
လူလည်း စိတ်တိုရလွန်းပြီးရူးမှာ။

(ဟင်း......ရှန်းရှန်း သာ
သာမန်လူတယောက်ဆိုကောင်းမယ်)

အန်းလုတယောက် ယခုအချိန်၌
ပင်မ ခန်းဆောင်ကြီးထဲတွင် သူ့အတွက်လည်း
နေရာတစ်ခုရှိလာပြီဖြစ်သည်။

ပြောရလျှင်တော့ အရင်ကမတ်တပ်ရပ်ရပြီး
ယခုမူ မိမိစားပွဲလေးနှင့်အတူ စားစရာလေးများပါ
ပါဝင်နေတာလေးများ က အဖက်တင်နေသည်။

သူ၏ နေရာသည် ယူချန်း၏ ဘေးတွင်ဖြစ်သည်။
အပြင်တံခါးမကြီးနှင့် သိပ်မဝေးတော့သော
နေရာတွင်ထိုင်ရသည်။

ခြေနှစ်ဖက်အား ဖင်ခုထိုင်ရသဖြင့်
ခြေထောက်က ကျင်နေပြီဖြစ်သည်။

မလှမ်းမကမ်းက ဖိဖုရားများပြောဆိုနေကြသော
စကားများကလည်း နားဖြင့်မဆန့်အောင်ပင်
ကြားနေရသေးသည်။

"အန်းလု...အဆင်ပြေသလိုထိုင်လေ
မယ်တော်ကြီးနဲ့ အရှင်မှမလာသေးတာ"

မိမိ၏ ဘေးတွင် အဖြူရောင်ဝတ်စုံလေးအား
အနားသတ်ရွှေရောင်ကွတ်ထားသောဝတ်စုံလေးဖြင့်
ပုံစံကျနစွာ ဝတ်စားထားသည့် လှပလွန်းသော
ယူချန်းက ပြောလိုက်သည်။

ထိုအခါ အန်းလုက ယူချန်းအားပြုံးပြရင်း

"ပြောပြပေးလို့ ကျေးဇူး.ကျွန်တော်တကယ်မရတော့လို့"

ယူချန်းကပြုံးပြကာ

"အင်း..."

"ဒါနဲ့ အန်းလုက အရှင်နဲ့ ဘယ်အချိန်တည်းက
သိခဲ့ကြတာလည်း"

"ကျွန်တော်တို့လား ပြောရရင်
လွန်ခဲ့တဲ့ အမ်း...၈လလောက်ကတည်းက

သူကကျွန်တော့ကို ဝယ်ခဲ့တာ"

အန်းလု စားပွဲပေါ်ရှိ ပန်းကန်ထဲမှ
မူန့်တစ်ခုကိုယူစားလိုက်ရင်းပြောလေသည်။

Love, But Hurt (Completed) Season 1Where stories live. Discover now