"တကယ်လား....."
"ဟုတ်ပါတယ် ကျွန်မတခြားအပျိုတော်တွေ
ပြောနေကြတာကို ကြားခဲ့တာပါ"ကျင်းဟွားလင်အား အထိန်းတော်မာ မှ
ချီရှန်းနှင့် အန်းလုတို့ အကြောင်းကို
ပြောပြနေသည်။သူမကဆက်၍ပြောလာသည်။
"အရှင်နဲ့ ကိုယ်လုပ်တော်လု
ရန်ဖြစ်ထားကြတယ်ဆိုတာသေချာတယ်ယုံးယွမ် အဆောင်နားကို
စုံစမ်းခိုင်းထားတဲ့သူတွေပြောချက်အရ
ကိုယ်လုပ်တော်လု က အရှင့်ကို အတွေ့မခံတာ
သုံးရက်နီးပါးရှိနေပြီတဲ့အရှင်ကလည်း တံခါးမကြီး ကနေအထဲကို
ကြည့်ရုံကြည့်ပြီး ပြန်သွားလေ့ရှိတယ်တဲ့"ဟွားလင်ကထိုစကားကကြားတော့
အသာပြုံးလိုက်သည်။"ဟမ့်....သူ့လိုအဆင့်ကများ
ကိုကိုချီရှန်း ကို ဥပက္ခာပြုရတယ်လို့
သူ့ကိုယ်သူအဟုတ်ကြီးထင်နေတာဖြစ်မယ်ကြည့်ရတာပေါ့ ငါသူ့ကို သူ့နေရာသူသိသွားအောင်
ဘယ်လိုသွန်သင်ပေးမလည်းဆိုတာ"အထိန်းတော်မာ ကအလန့်တကြားပုံစံဖြင့်
ဆိုလာသည်။"ဖြစ်ပါ့မလား မိဖုရားခေါင်းကြီး
ကျွန်တောမျိုးမ အရင်ကအကြောင်းတစ်ခုကို
ကြားသိခဲ့ရတယ် "ဟွားလင်က မျက်မှောင်ကျုတ်လျက်
"ဘာအကြောင်းလည်း "
"အဲ့တာကလေ.....ဒီမှာအရင်က
ရုတ်တရက် မြှောက်စားခံလိုက်ရတယ့်
ရှောင်ယွီ ဆိုတဲ့ မိဖုရားတစ်ပါး ရှိတယ်သူက အခု ကိုယ်လုပ်တော် အန်းလုကို
ဒုက္ခ ပေးခဲ့လို့ အခုသူ့ရဲ့
အစအနတောင်ရှာလို့မတွေ့အောင်
ပျောက်သွားတာတဲ့""အာ့လို အကြောင်းတွေရှိသေးတာလား"
"ဟုတ်ပါတယ် "
ဟွားလင်က မှန်ကိုကြည့်လျက်ပင်
မဲ့ပြုံးပြုံးလိုက်ပြီး"အာ့တော့လည်းဘာဖြစ်လည်း
ငါကသူတို့လိုအဆင့်နိမ့်တဲ့ဟာတွေမှမဟုတ်တာအဆင့်တူချင်း လုယက်နေကြတာပဲ
ငါကသူတို့လိုမဟုတ်ဘူးလေပြီးတော့ ကိုကိုချီရှန်း ကငါ့ကို
ဘယ်တော့မှသတ်မှာမဟုတ်ဘူး
ထိခိုက်အောင်လည်း မလုပ်ဘူး ငါသိတယ်"
YOU ARE READING
Love, But Hurt (Completed) Season 1
Romanceရင်ထဲမှာတောင်းဆုတစုံတရာမရှိခဲ့ပေမဲ့လည်း.....ဖြစ်တည်လာတဲ့ တခုတည်းသောတောင်းဆုက မင်းပဲ...... အန်းလု ရင်ထဲမှာတောင်းဆုတစုံတရာမရှိခဲ့ပေမဲ့လည်း..... ဖြစ်တည်လာတဲ့တစ်ခုတည်းသောတောင်းဆုက မင်းပဲ.....အန်းလု