အပိုင်း ၄၃

24.9K 2.2K 237
                                    

"နောက်ကျသွားလို့ တောင်းပန်ပါတယ်
မယ်တော်ကြီး မိဖုရားခေါင်ကြီး "

အန်းလု တယောက် ညစာစားပွဲသို့
အနည်းငယ် နောက်ကျပြီးမှ ရောက်ရှိလာခဲ့သည်။
အမှန်တကယ်ကမူ တမင်သက်သက်ပင်
နောက်ကျမှရောက်လာခြင်း။

တခန်းလုံးရှိ သူအားလုံးနီးပါးသည်
မိမိအား ကြည့်မရသူများသာ။

အဘယ်ကြောင့် အစောကြီးလာကာ
အပြောအဆို ခံချင်ပါ့မည်နည်း။

ယခုတောင် ရှန်းရှန်း အတွက်ဟုသာ
တွေးလိုက်ရင်း ရောက်လာခဲ့ ခြင်းဖြစ်သည်။

အန်းလုအသံကို ကြားတော့
စားသောက်နေကြသော သူများ၏
အကြည့်များကသူ့ဆီသို့စုပုံကျလာသည်။

မယ်တော်ကြီး ကအစပထမတုန်းက
ကျင်းဟွားလင် နှင့်အတူ စကားစမြည်ပြောရင်း
ရီမောနေသော်လည်း အန်းလုအားမြင်တော့
ချက်ချင်းပင် မျက်နှာက တည်တံ့သွားသည်။

ဟွားလင်ကမူ ပုံမှန်အတိုင်းပြုံးလျက်ပင်
အန်းလုကို ကြည့်လိုက်သည်။

ထို့နောက်သူမက အန်းလုအားရီလျက်

"အန်းလု...လာပြီလား
နောက်ကျတယ်နော်....ထိုင်လေ...."

သူမက ပြုံးလျက်ပင်
ယူချန်းဘေးရှိ နေရာနားသို့ လက်ပြလိုက်သည်။

အန်းလုက လည်း အနည်းငယ်ပြုံးလိုက်ပြီး
ယူချန်းဘေးရှိ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

ထို့နောက် ဘေးရှိ အပျိုတော်က
အန်းလုအား ဟင်းပွဲအချို့ကိုချပေးသည်။
အန်းလုက ဟင်းပွဲများကို
ဆိုက်ကြည့်နေစဉ်

ကျင်းဟွားလင် က

"အန်းလုကိုကြည့်ရတာ
ဒီနယ်က မဟုတ်သလိုပဲနော် ဇာတိကဘယ်ကလည်း
မိဘတွေကရော ဘာအလုပ်လုပ်လည်း
မျိုးရိုးကတော်ဝင်ပဲလား..ကုန်သည်လား"

အန်းလုက ငေးနေ့သည့်ဟင်းပွဲလေးအား
မျက်နှာလွှဲလိုက်ပြီး
ကျင်းဟွားလင် အားပြန်ဖြေရင်ပြင်လိုက်သည်။

သို့သော်ဤမေးခွန်းများအား
သူမည်ကဲ့သို့ ဖြေကြားရမည်ကိုတကယ်မသိပေ။

Love, But Hurt (Completed) Season 1Donde viven las historias. Descúbrelo ahora