Extra Part

35.6K 1.7K 78
                                    

"မမကျီယွမ်ရော....."

"ဟိုဘက်မှာ...."

ကျီယွမ်မနက်ကတည်းက ထွက်သွားတာ
ယခုအချိန်ထိပြန်ရောက်မလာသေးသောကြောင့်
ယူချန်း လိုက်ရှာရတော့သည်။

မည်မျှပင်မိမိထက်သန်မာသည်
ကြံ့ခိုင်သည်ဆိုပါစေ သူမသည်အဆုံးသတ်၌
မိန်းကလေးတယောက်ပင်။

ယူချန်း သူတို့နေထိုင်သည့်
ရွာလေး၏အစွန်ဖျားတွင်ရှိသော
စမ်းချောင်းငယ်လေးဆီသို့ဦးတည်လျောက်လှမ်းလာခဲ့သည်။

ကျီယွမ်နှင့်သူ နှစ်ဦးသား
မိုးမြေကန်တော့၍ လက်ထပ်ခဲ့ကြသည်မှာ
ယခုတစ်နှစ်နီးပါးပင် ပြည့်ချေတော့မည်။

အရှင်နှင့်အန်းလုတို့၏ သတင်းကို
ကြားရသော်လည်း သွားရန်အခွင့်ကမသာသဖြင့်
ဒီအတိုင်း စက္ကူ မီးရှို့၍ အမျှဝေပေးခြင်းကိုသာ
လုပ်ဆောင်လိုက်ကြသည်။

မြို့တော်ရှိ အန်းလုတို့၏အချစ်ဇာတ်လမ်းမှာ
ယခုထိတိုင် နားတွင်ကြားနေရဆဲပင်။
သို့သော် မည်သူမျှ အန်းလု၏အမည်ကို
ထုတ်မပြောဖြစ်ကြ။
သည်အတိုင်း ကိုယ်လုပ်တော်လုဟုသာ
ခေါ်ဝေါ်ကြသည်။

ကျီယွမ်အား ကျီချန်းမှ မကြာခဏ
အမိန့်တော်သဝဏ်လွှာ ဖြင့် မြို့တော်သို့လာရန်
စေခိုင်းလေ့ရှိသည်။

ကျီယွမ်တခါမျှ လိုက်နာခြင်းမရှိပေ။
ကျီချန်းသည်လည်း အန်းလုတို့၏သတင်းကြောင့်
အတော်ပင် ဝမ်းနည်းခဲ့ရသည်။

ယူချန်း စမ်းချောင်းနားရောက်တော့
အလည်တွင်ပေါလောပေါ်နေသောကျောက်တုံးပေါ်တွင် ထိုင်ကာ ကလေးများနှင့်ရေဆော့နေသော
ကျီယွမ်ကိုတွေ့ရသည်။

ကျီယွမ်သည် မိမိအတွက်နှင့်
ဂုဏ်ဒြပ်အားလုံးကိုစွန့်လွှတ်ပစ်ခဲ့သည်။
တော်ဝင်မင်းသမီးရာထူး စစ်သူကြီးရာထူး
အားလုံးကိုခဝါချပြီး မိမိနှင့် ဤမျှသေးငယ်သော
ရွာငယ်လေးတွင် နေထိုင်ပေးသည်။

"ကျီယွမ်......."

ယူချန်းလှမ်းခေါ်လိုက်သည်။
ကျီယွမ်က သူ၏အသံကိုကြားသည်နှင့်
အသံလာရာကို ဝမ်းသာအားရလှည့်ကြည့်ကာ

Love, But Hurt (Completed) Season 1Wo Geschichten leben. Entdecke jetzt