အပိုင်း ၂၁

33.2K 2.5K 133
                                    

"အန်းလု......ကိုယ်ကို မတ်မတ်ထားပြီးမှဖြည်းဖြည်းချင်း ဂါရဝပြုရမှာလေ။"

"ဒီလိုမျိုးလား။"

"အင်း....ဟုတ်တယ်။ နင်ကတော်သားပဲ။
မှတ်ထားနော်။အသံကိုအတက်နိုင်ဆုံး နူးညံအောင်ပြောရမယ်။ နင့်ရဲ့မူလအသံလုံးဝထွက်လို့မဖြစ်ဘူး။"

"အေးပါ။"

အန်းလုက နန်းတွင်းအမူအကျင့်များသင်ပေးနေသောအားလော့အား နှာသံဖြင့်ပြောလိုက်သည်။

"နည်းနည်းတော့လေ့ကျင့်ရအုန်းမှာပဲ ။နင့်ရဲ့ယောက်ျားလိုအသံက သိပ်မပျောက်သေးဘူး။
သူတို့မေးရင်တော့ နင်ငယ်ငယ်က အပြင်းအထန်ဖျားပြီး ပြန်ကောင်းလာတော့ ဒီလိုအသံပေါက်သွားတာလို့ပြောလို့ရတယ်။"

"အင်း....."

"ကဲ ဒါဆို မိန်းကလေးဝတ်စုံတွေစမ်းဝတ်ကြည့်ရအောင်။"

"............"

အားလော့က အန်းလုအား ဝတ်စုံအချို့ပေးပြီး သူ၏အခန်းထဲသို့ ထည့်ကာ
အပြင်ဘက်မှ တံခါးပိတ်ပေးလိုက်သည်။

တစ်ခဏနေမှ

"ဘယ်လိုလည်း......ပြီးပြီလား....ပြီးရင်လည်းထွက်လာတော့လေ။"

အခန်းထဲတွင် အဝတ်အစားလဲနေသောအန်းလုအား အတော်ကြာနေပြီ ဖြစ်သဖြင့်
အားလော့စိတ်မရှည်စွာဖြင့် ထွက်လာရန်ခိုင်းလိုက်သည်။
အန်းလုက အခန်းတံခါးကိုဖွင့်၍ချီတုံချတုံဖြင့် မဝင့်ရဲသာဖြင့်လျှောက်လှမ်းလာသည်။

တဖက်က ဂါဝန်အနားစကိုကိုင်ပြီးတဖက်ကမူ အခြားလက်တဖက်၏ လက်မောင်းကို
ပွတ်သတ်နေသည်။ မျက်နှာကလည်းပန်းရောင်ချယ်လျက်ဆံသား ကိုလည်း ထက်ဝက်စည်းကာ
နှစ်ဖက်ခွဲ၍ လိမ်ကာထုံးထားသည်။
ထိုဆံထုံးသေးသေးလေးနှစ်ခုတွင်သေးငယ်လွန်းသည့် ကျစ်ဆံမြှီးလေးကိုပါထပ်မံခွေထားသေးသည်။
ကျန်ဆံသားလေးများကိုတော့အောက်သို့ ကျထားစေသည်။
အားလော့ တယောက် အန်းလုအားမြင်သည်နှင့် တခွန်းမဆိုပဲပါးစပ်အဟောင်းသားဖြင့် ကြည့်နေသည်။
အန်းလုက အားလော့မျက်နှာရှေ့အားလက်ဖြင့် ယမ်းလိုက်ပြီး

"လော့လော့ လော့လော့ ဟဲ့ အသက်ရောရှိသေးရဲ့လား"

"အမ်း.....အော်....အင်း....."

Love, But Hurt (Completed) Season 1Where stories live. Discover now