"အားလုံးစုံပြီလား။ "
"ဟုတ်ကဲ့ပါသခင်လေး။အားလုံးအဆင်သင့်ဖြစ်နေပါပြီ။"
ညဥ့်သန်းခေါင်ယံအချိန်တွင် တောအုပ်အလယ် ၌ ဝတ်ရုံနက်နှင့် လူတစ်စု စုဝေးနေကြသည်။ဤသည်က ချီရှန်း တို့ အဖွဲ့ပင်။ ဓားပြ စခန်းအား ဝင်ရောက်တိုက်ခိုက်ရန်ပြင်ဆင်ထားကြခြင်းပင်။
"ကျီချန်းရော ရောက်ပြီလား။ "
"ဟုတ်ကဲ့ ရောက်ပါပြီ သခင်လေး။"
ထို ဝတ်ရုံနတ်အုပ်စုကြားမှ အသံထွက်ပေါ်လာလေသည်။
"ဒါဆို စလိုက်ကြရအောင်။ ညီနောင်တို့ အစွမ်းကုန် တိုက်ခိုက်ကြ။"
ချီရှန်းကထိုစကားပြောလိုက်ပြီးချိန်တွင် ချီရှန်းဘေးရှိရှောင်ရှင်းကလည်း လက်စွဲတော်ဓားကိုဓားအိမ်မှဆွဲထုတ်လိုက်ပြီး အားမန်အပြည့်ဖြင့်
အော်မြည်လိုက်သည်။"ညီနောင်တို့ တိုက်ခိုက်ကြစို့။"
သူတို့နှစ်ယောက်နှင့် မျက်နှာချင်းဆိုင်ရပ်နေသောအယောက်နှစ်ဆယ်ခန့်ရှိ လူအုပ်ကလည်း
ဓားများကိုမြှောက်ပြီး အော်လိုက်ကြသည်။
ပြီးနောက်တွင် တဟုန်ထိုး အရှိဖြင့် ဓားပြတပ်စခန်းသို့ ဝင်ရောက်ကာ တိုက်ခိုက်ကြတော့ သည်။ဓားပြများကလည်း မနည်းလှသော လူဦးရေရှိသော်လည်း ချီရှန်းတို့ဘက်မှ လက်ရွေးစင်တပ်သားများလက်တွင် အတုန်းအရုန်းသေနေကြသည်။အရှေ့ ၊အနောက်၊ဘေးဘီ ဝဲ၊ယာတွင် အလောင်းများကပုံလျက်။ ချီရှန်းကမူ ဓားပြခေါင်းဆောင်ဖြစ်သူနှင့် တိုက်ခိုက်လျက်ရှိသည်။
ဓားပြခေါင်းဆောင်ဆိုသူသည် အရပ်ကထောင်ထောင်မောင်းမောင်း၊ အသားညိုညို နှုတ်ခမ်းမွှေးများဖြင့် အလွန်ထွားကြိုင်းသော ပုံသဏ္ဍာန်ရှိသည်။
သို့သော် ချီရှန်းသည် ထိုလူအားအသာလေးနှင့်ပင် အနိုင်ရနိုင်သည်။ဦးနှောက်အသိညာဏ်ခြင်း ကွာဟမှုက ဤနေရာတွင် ထင်ဟပ်လျက်ရှိသည်။တစ်ဖက်ရှိသူက ရှုံးသလိုဖြစ်လာလေလေ ပိုကာတိုးလျက် သဲကြီးမဲကြီးတိုက်ခိုက်လေလေ ဖြစ်နေသည်။သို့သော် သူသည် ထိုလူအားအသက်ရှင်လျက်အလိုရှိသည့် အတွက်ကြောင့် အချိန်ဆွဲနေခြင်းဖြစ်သည်။
YOU ARE READING
Love, But Hurt (Completed) Season 1
Romanceရင်ထဲမှာတောင်းဆုတစုံတရာမရှိခဲ့ပေမဲ့လည်း.....ဖြစ်တည်လာတဲ့ တခုတည်းသောတောင်းဆုက မင်းပဲ...... အန်းလု ရင်ထဲမှာတောင်းဆုတစုံတရာမရှိခဲ့ပေမဲ့လည်း..... ဖြစ်တည်လာတဲ့တစ်ခုတည်းသောတောင်းဆုက မင်းပဲ.....အန်းလု