အပိုင်း ၅၁

22.2K 1.8K 96
                                    

"ယူချန်း.........နိုးပြီလား......"

"ယူ....ချန်း....."

ကျီယွမ်တယောက် မနက်ခင်း
စစ်ရေးလေ့ကျင့်ပြီးချိန်၌ ယူချန်းရှိရာ
ရွက်ဖျင်တဲဘက်သို့လျောက်လာလိုက်သည်။

ယူချန်းအား အပြင်မှ လှမ်းခေါ်ပါသော်လည်း
အထဲမှ ပြန်လည်ဖြေကြားသံမကြားရ။

ထို့ကြောင့် အထဲသို့ဝင်ရန်ပြင်လိုက်သည်။
ထို့အချိန်တွင်နောက်မှ ရဲမက်တစ်ဦးက

"စစ်သူကြီး....ဒီကသခင်လေးယူ က
အခုချက်ပြုတ်ဆောင်မှာပါ"

ကျီယွမ်က အံသြသွားပြီး
ထိုရဲမက်နားသို့အမြန်လျောက်လိုက်ပြီး
မေးမြန်းတော့သည်။

"ဘာလို့သူက အဲ့ကိုရောက်နေရတာလည်း".

ရဲမက်က အမြန်ခေါင်းကိုငုံ့လိုက်ပြီး

"နေမထွက်ခင်ကတည်းကရောက်ရှိနေတာပါ
ချက်ပြုတ်ဆောင်ထဲက အဒေါ်ကြီးတွေနဲ့
တာဝန်ယူတပ်သားတွေကို ကူညီပေးနေတာပါ"

ကျီယွမ် က ဘာမှဆက်မပြောပဲ
သက်ပြင်းသာတချက်ချလိုက်တော့သည်။

............................

"သခင်လေးယူ...တကယ်လက်ရာကောင်းတယ်
ကျွန်တော်တို့ ဒီလိုလက်ရာမျိုးမစားရတာ
အတော်ကြာပြီဗျာ ကျေးဇူး တင်တယ်"

"ရပါတယ်.......... "

မနက်စာ စားသောက်နေကြသော
ရဲမက်များက ယူချန်း၏ အချက်အပြုတ်စွမ်းရည်အား
သူတမျိုးကိုယ်တစ်မျိုးချီကျူးနေကြသည်။

ယူချန်းကလည်း ရဲမက်များအား
အစားအစာများချပေးနေသည်။

တခြားသောအစားအစားများကို
သယ်ယူကာနေရာချပေးနေသော အဒေါ်ကြီးများက

"အမလေး.....ဒါဆိုကျုပ်တို့အရင်က
ချက်ကြွေးတာတွေက မကောင်းဘူးပေါ့လေ
အာ့လိုမျိုးလား"

"ဟားဟား ဟားဟား မဟုတ်ပါဘူး ဗျာ
အကုန်ကောင်းပါတယ်..... အမှန်တော့
ဒီကသခင်လေးက ယောက်ျားလေးပေမဲ့
ချက်ပြုတ်တက်တာကိုချီးကျူးတာပါ ဟဲဟဲ"

အဒေါ်ကြီးတစ်ယောက်မှ
ပြောနေသော ရဲမက်အား ခေါင်းတချက်ခေါက်လိုက်ပြီး

Love, But Hurt (Completed) Season 1Where stories live. Discover now