အန်းလု ထိုလူထွက်သွားပြီးတစ်ခဏနေတော့ ခြုံထားသောစောင်ကို ဖယ်ကာ ကုတင်အောက်သို့ခြေထောက်ချလျက်ပင် ထိုင်လိုက်သည်။
မျက်လုံးတွေက ငိုထားသော အရှိန်ကြောင့်
မို့ဖောင်းကာအစ်နေပြီး နှာသီးလေးကလည်း
နီရဲနေသေးသည်။ဝတ်လစ်စလစ်ဖြင့် ပင် စားပွဲဆီသို့ လျှောက်လာလိုက်သည်။ ထုံးစံအတိုင်းပင် ဝတ်စုံ အသစ်က စားပွဲထက်တွင် ရှိနေပြီးဖြစ်သည်။ ကုတင် နှင့် သိပ်မဝေးသော အောက်ကြမ်းပြင်နားတွင်တော့ မနေ့ညက သူဝတ်ဆင်ခဲ့သည့် အဝတ်များ တစ်စစီဖြစ်လျက် ပြန့်ကျဲနေသည်။
"ငါ အရင် သန့်ရှင်းဖို့လိုမယ်ထင်တယ်။"
အန်းလု ဘေးပတ်လည်ကို ရှာဖွေကြည့်လေတော့ အခန်းထောင့်နားတွင် ပိတ်ဖြူစ တစ်ထည်နှင့်အတူရေဇလုံတစ်ခုကိုတွေ့ရသည်။
အန်းလု ထိုထောင့်နားသို့အမြန်သွားလိုက်ပြီး ထိုရေဇလုံအတွင်းရှိရေဖြင့် သူ့မျက်နှာကို
အမြန်သစ်ပစ်လိုက်သည်။ ရုတ်တရက် ဂယက်ထသွားသော ရေမျက်နှာပြင်တွင် ပေါ်နေသည့် မိမိ၏ဝိုးတဝါးပုံရိပ်ကို ကြည့်ကာ မျက်ရည်တို့က ကျဆင်းလာတော့သည်။"ငါ တကယ်ပဲ ဒီနေရာက နေပြန်ချင်နေပြီ။
ဘာဖြစ်လို့ ငါ့ကျမှ ဒီလိုတွေ ဖြစ်ပျက်နေရတာလဲ....။"အန်းလု ရေ၏မျက်နှာပြင်အား လက်ဖြင့် ရိုက်ချလိုက်သည်။
*ဒေါက်...ဒေါက်..*
ပြင်ပမှ အသံကြောင့် ဘေးရှိ သုတ်ရန်ထားသောအဝတ်စကို လစ်ဟနေသော ခန္ဓာကိုယ်ပိုင်းအား ပတ်ကာဖုံးလိုက်သည်။
"ဘယ်သူလဲ။"
"ကျွန်တော့် နာမည် ရှောင်ရှင်းပါ။သခင်လေးရဲ့ နောက်လိုက်တစ်ယောက်ပါ။သခင်လေးက ဆေးလာပို့ခိုင်းလို့ပါ အပြင်မှာထားခဲ့လိုက်ပါ့မယ်။"
အန်းလု က ဘာမှအသံပြန်မပြုပဲနေလိုက်သည်။ ထိုသူကလည်း ဆေးကို အခန်းဝတွင် ထားပြီးနောက် ပြန်ထွက်သွားတော့သည်။ အန်းလု က ရေဖြင့် ညစ်ပေနေသောနေရာများကို သုတ်သင်ဆေးကြောလိုက်သည်။
အခန်းထဲတွင် လူတစ်ရပ်နီးပါးမြင့်သော ကြေးမှုံမှန်တစ်ချပ်ရှိသည်။ဝါကျင့်ကျင့်အရောင်ရှိသော်လည်း မြင်တော့မြင်ရသည်။ဆေးဗူးအားတံခါးဝတွင်ထားခဲ့သောကြောင့် အန်းလု သွားယူလိုက်သည်။
YOU ARE READING
Love, But Hurt (Completed) Season 1
Romanceရင်ထဲမှာတောင်းဆုတစုံတရာမရှိခဲ့ပေမဲ့လည်း.....ဖြစ်တည်လာတဲ့ တခုတည်းသောတောင်းဆုက မင်းပဲ...... အန်းလု ရင်ထဲမှာတောင်းဆုတစုံတရာမရှိခဲ့ပေမဲ့လည်း..... ဖြစ်တည်လာတဲ့တစ်ခုတည်းသောတောင်းဆုက မင်းပဲ.....အန်းလု