အပိုင်း ၁၄

36.2K 2.4K 37
                                    

"စစ်သူကြီး... စစ်သူကြီး....သမားတော်ကျွင်းရောက်လာပြီ။"

ကျယ်ဝန်းလှပြီး အရာအားလုံး ​ရွေရောင်အတိလွှမ်းနေသော အိပ်ခန်းဆောင်ကြီးတွင်
နန်းတွင်းသူမိန်းကလေးတချို့က ငြိမ်သက်စွာ လှဲလျောင်းနေသော ချီရှန်းအား အဝတ်များလဲပေးပြီး သွေးများနှင့်ဒဏ်ရာများကို ရေနွေးနွေးဖြင့် ဂရုတစိုက်သုတ်သင်ပြီး သန့်ရှင်းပေးနေကြသည်။

ရှောင်ရှင်းက သမားတော်ကျွင်းနှင့်အတူအိပ်ဆောင်ထဲဝင်လာသော ချန်ကုန်ကုန်းအားမြင်သည်နှင့် အလျင်အားတက်သွားပြီး

"သမားတော်ကျွင်း...အရှင့်ကိုအမြန်ကြည့်ပေးပါ။သူ ရှီယွမ်အဆိပ်မိထားတယ်။ ဒါပေမဲ့ ဖြေဆေးတော့ကျွေးထားပြီးပြီ။အဆိပ်ကမပြေသေးလို့များလား။အရှင့်အသားအရည်က သွေးမရှိသလိုဖြူဖျော့နေလို့။"

သမားတော်ကြီးက ရှောင်ရှင်းစကားအားသေချာနားထောင်လိုက်ပြီး ချီရှန်းအနားသို့ တိုးသွားလိုက်သည်။ချန်ကုန်းကုန်းက နန်းတွင်းသူလေးများကိုလုပ်လက်စများ လက်စသတ်ရန်မေးမော့ပြီးသတိပေးလိုက်သည်။
နန်းတွင်းသူလေးများကလည်း အမြန်ပင် ချီရှန်းအား ဝတ်ရုံဆင်မြန်းပေးလိုက်ပြီး အနားမှဖယ်ခွာလိုက်ကြသည်။ ထိုစဉ် နန်းတွင်းသူလေးတယောက်ကရှောင်ရှင်းအနားသို့ကပ်လာပြီး

"စစ်သူကြီးကျိုး ...အားလော့ ဒါလေးကို အရှင့်လက်ထဲမှာ တင်းတင်းဆုပ်ကိုင်ထားတာတွေ့လို့ပါ။"

ထိုမိန်းကလေးက သူမ၏လက်ဝါးပေါ်ရှိကြေမွလုနီးနေသောသစ်ရွက်လေးအား
ရှောင်ရှင်းကို ပြလိုက်သည်။ရှောင်ရှင်းက သက်ပြင်းချလိုက်ပြီး

"အင်း ငါ့ကိုပေး....။"

အားလော့ က ထိုသစ်ရွက်ကလေးအားရှောင်ရှင်းလက်ထဲသို့ဂရုတစိုက်ပေးလိုက်သည်။
နန်းတွင်းသူတယောက်၏လက်ထဲတွင်ရှိသော သွေးစွန်းအဝတ်ပေါ်တွင်
အသာတင်ယူထားသော မိုးပြာရောင် အဝတ်အပိုင်းအစလေးကို အသာလှမ်းယူထားလိုက်သည်။

"စစ်သူကြီးကျိုး...ဘာဖြစ်လို့လဲ။ ဒါလွှင့်ပစ်ရမဲ့ဟာတွေလေ။ ညစ်ပတ်နေပြီ။"

Love, But Hurt (Completed) Season 1Where stories live. Discover now