"အိုက်ယား......."
မျက်လုံးနှစ်ဖက်ကို ဖြည်းဖြည်း ချင်း
ဖွင့်လိုက်ရင်းပင်
ကျီယွမ် တယောက်ကုတင်ထက်တွင်
လက်နှစ်ဖက်မြှောက်လျက် ပျင်းကြောဆန့်လိုက်သည်။ရုတ်တရက် အတွေးတချို့ကြောင့်
မျက်ဝန်းတို့ပြူးကျယ်လာပြီး
ရင်ဘတ်အနားထိဖုံးအုပ်ကာထားသော
စောင်အပါးသားလေးအား လက်နှစ်ဖက်ဖြင့်
ယူလိုက်ပြီး ဦးခေါင်းဖုံးသည်အထိ
ခြုံလိုက်ရင်း ခြေထောက်နှစ်ဖက်က
ကုတင်ကို ကန်ကျောက်နေသည်။(ရှက်လိုက်တာ....ရှက်လိုက်တာ....အီး....)
"နိုးပြီလား......"
ညှင်သာလှသောထိုအသံကြောင့်
ကျီယွမ် လှုပ်ရှားနေမှုကို ရပ်တန့်လိုက်သည်။
စောင်ကိုဖယ်လိုက်ပြီး
ငုတ်တုပ်ကောက်ထိုင်လိုက်သည်။ယူချန်းက စားစရာတချို့အား.
စားပွဲပေါ်တွင် ခဏ တင်ထားလိုက်ပြီး
ကျီယွမ်၏ အနားသို့လာထိုင်လိုက်သည်။"နိုးပြီလား.....အဆင်ပြေရဲ့လား
တနေရာရာက နာနေတာတွေဘာတွေရှိလား
ရှိရင်ငါ့ကိုပြောနော်"ကျီယွမ်၏ ပါးနှစ်ဖက် နီရဲလျက်ရှိပြီး
ယူချန်းအား ပြန်ဖြေလိုက်သည်။".....ဘယ်...ဘယ်လိုလုပ်
ရှိမှာလည်း......""ဟုတ်လား....အဲ့ဒါဆို...."
"ဘာတွေလည်း.....မနက်စာလား...."
ယူချန်းက ခေါင်းကုတ်လျက်
စဉ်းစားနေချိန်တွင်ပဲ ကျီယွမ်က
အမြန်ပင် ကုတင်ပေါ်မှခုန်ဆင်းကာ
စားပွဲဘေးသို့သွားလိုက်သည်။ယူချန်းက တွေးတောလျက်
(ငါ့တုန်းက ပထမဆုံးဆိုနည်းနည်း နာတယ်
ကျီယွမ် တကယ်ရောအဆင်ပြေရဲ့လားမသိဘူး
ငါစိတ်မကောင်းဖြစ်မှာစိုးလို့ဖုံးကွယ်တာများလား)"ဝါး....ယူချန်း...နင့်လက်ရာကတော့
တကယ်ကောင်းတယ်...."ယူချန်းက ပြုံးလိုက်ပြီး
စားပွဲဘေးနားတွင်ရှိသော ကျီယွမ်အနားသို့
လျှောက်လာခဲ့လိုက်သည်။"အရင် မျက်နှာသစ်အုန်းလေ
ငါအပြင်မှာရေဖြည့်ပေးထားတယ်
ရေလည်းချိုးလို့ရတယ် ဒါကိုပြီးမှစား...."
BINABASA MO ANG
Love, But Hurt (Completed) Season 1
Romanceရင်ထဲမှာတောင်းဆုတစုံတရာမရှိခဲ့ပေမဲ့လည်း.....ဖြစ်တည်လာတဲ့ တခုတည်းသောတောင်းဆုက မင်းပဲ...... အန်းလု ရင်ထဲမှာတောင်းဆုတစုံတရာမရှိခဲ့ပေမဲ့လည်း..... ဖြစ်တည်လာတဲ့တစ်ခုတည်းသောတောင်းဆုက မင်းပဲ.....အန်းလု