Part ( 1 )

13.9K 322 33
                                    


မကို ချစ်​လို့

#ပန်းခြယ်​ရီ

"...သွားပါကွာ...ငါ့ဘဝမှာ မိန်းက​လေး ဆိုတာ...အသုံးအ​ဆောင်​ ပစ္စည်း တစ်​ခုလိုပဲ...ဘာမှ ခံစားချက်​ ထားမ​နေဘူး...တစ်​ခုမ​ကောင်း..
တစ်​ခု ​ဂျောင်းပဲ..."

"...ငါ့ကို ​ကြွေ​အောင်​ ငါက တမင်​ လုပ်​​နေတာ မဟုတ်​ဘူး...သူတို့ ဘာသာ ဒီ​ကောင့်​ကိုမှ ပစ်​​ကြွေ​နေတာ​တော့ မတတ်​နိုင်​ဘူး..."

"....ဟားဟား..."

နှင်းပွင့်​အိမ်​ ဓာတ်​​လှေကား စီးရင်း...စကားသံ ကြား​တော့ ထို ​ကောင်​​လေး က ဖုန်း​ပြော​နေ​လေရဲ့...
ဘာကိုမှ ဂရုမစိုက်​ သည့်​ပုံစံ~~~

"...ဟွန့်​...လာလာချည်​​သေး...နှင်းပွင့်​ တို့နဲ့ ​တွေ့ပြီ​လေ..."

ဟိဏ်းသစ်​ ဖုန်း​ပြောရင်း....ဓာတ်​​လှေကား မှ ဆင်းသွား​တော့...နှင်းပွင့်​အိမ်​ လည်း လိုက်​ဆင်း လိုက်​သည်​...။

"...ကို...​နောက်​ကျလိုက်​တာကွာ...ဇွန်​ပွင့်​ ​စောင့်​​နေတာဖြင့်​ ကြာလှပြီ..."

"...ကို..."

"...​မောင်​..."

ဟိဏ်းသစ်​ ကို ကြည့်​ပြီး...ဗိုက်​ကြီးသည်​ တစ်​​ယောက်​က '​မောင်​' လို့ ​ခေါ်​နေ​တော့...ဟိဏ်းသစ်​ ​ဘေးပတ်​ဝန်း​ကျင်​ ကို ​လျှောက်​ပတ်​ ကြည့်​​နေ​တော့~~~

"...​မောင်​...​မောင့်​ကို ​ခေါ်​နေတာ​လေ...ဘယ်​​တွေ ​လျှောက်​ပတ်​ ကြည့်​​နေတာလဲ..."

ဟိဏ်းသစ်​ ကိုယ့်​ကိုယ်​ကို လက်​ညိုးပြန်​ထိုးပြ
ကာ...

"...ကျွန်​​တော့်​ ကို ​ပြော​နေတာလား..."

"...​မောင်​ကလည်း အခုမှ သူစိမ်း ဆန်​​နေလိုက်​တာ...ဒီဗိုက်​​တောင်​ ထွက်​လာ​နေပြီ ပဲကို..သူစိမ်းဆန်​တဲ့ စကား​တွေ မ​ပြောပါနဲ့...."

"..ဗျာ.."

ဟိဏ်းသစ်​ မျက်​လုံး ပြူးရပြီ...။

တစ်​ခါမှ မ​တွေ့မမြင်​ဖူးသည့်​ အပြင်​...ဗိုက်​ကြီးသည်​ က ဘယ်​သူနဲ့ ကမြင်းပြီး ရလာတဲ့ ဗိုက်​မှန်း မသိတဲ့ ကိစ္စ ကို...အခု ကိုယ်​ နဲ့ ရတဲ့ ဗိုက်​တဲ့​လေ...

မကို ချစ်​လို့ (Zawgyi) Where stories live. Discover now