Part ( 23 ) Final

6.3K 193 52
                                    

မကို ချစ်​လို့

🌸ပန်းခြယ်​ရီ

"...​မောင်​..."

"...ဒီ​နေ့  အ​စောကြီး ပြီး​နေပါလား...."

"...ဘာ​စောလို့လဲ...8 နာရီ ထိုး​တော့မယ်​...အလုပ်​ ​နောက်​ကျ​နေတာ ကို..."

"...မန်​​နေဂျာ ပဲ...နည်းနည်း​လောက်​ ​နောက်​ကျ လည်း ဘာဖြစ်​လဲ...ဘယ်​သူ နဲ့ ချိန်းထားလို့လဲ..."

"...အလုပ်​မှာ ရာထူးကြီး ​ရာထူး​သေး ခွဲ​ပေးထားကြတယ်​ ဆိုတာက...ရာထူးကြီး​ပေးခံထားရတဲ့လူက လက်​​အောက်​ငယ်​သား​တွေ ထပ်​ ပိုပြီး ကြိုးစားဖို့ ပိုပြီး အချိန်​ တိကျတတ်​ဖို့...ရာထူး ကြီးလာ​လေ...ပိုပြီး တာဝန်​ ပိုပိ​လေ...တာဝန်​ ပိုယူရ​လေ...​ပိုက်​ဆံ ကျ သူများထပ်​ ပိုရပြီး သူများလုပ်​သ​လောက်​ ​တောင်​ မလုပ်​ရင်​....တာဝန်​ မ​ကျေဘူးလို့ ခံစားရတယ်​...ပြီ..."

"...ဟိုး...​တော်​ပါ​တော့ မရယ်​...တစ်​ခွန်း​လေး ​ပြောမိပါရဲ့ ​ပြောလို့ကို မဆုံးနိုင်​ဘူး..."

"...ပြီး​တော့ အလုပ်​သွားမှာပါ...​မောင်​ တစ်​​​ယောက်​လုံး ငုတ်​တုတ်​ကြီး ရှိ​နေတာကို...​နောက်​ထပ်​ ဘယ်​​ကောင်​​လေးနဲ့မှ မရှုပ်​ပါဘူး....စိတ်​လည်း မဝင်​စားဘူး...စိတ်​ကူးထဲလည်း မရှိဘူး...​မောင်​ မရှိ​တော့ရင်​ တစ်​မျိုး​ပေါ့..."

နှင်းပွင့်​အိမ်​ စကား​နာ​လေး ထိုးပြီး...တစ်​ဖက်​လှည့်​​နေလိုက်​သည်​...

ဟိဏ်းသစ်​ လည်း...​ဘေးလှည့်​​နေတဲ့ နှင်းပွင့်​အိမ်​ ကို မျက်​လုံး ​ပေါက်​ထွက်​မတတ်​ ကြည့်​ကာ..

"...​မောင်​ မရှိ​တော့ရင်​..မက...​နောက်​အသစ်​ ထားမယ်​ ဆိုတဲ့ သ​ဘောလား..."

"...ဒါ​ပေါ့...​မောင်​ရဲ့..."

နှင်းပွင့်​အိမ်​ ...မျက်​နှာကို ဟိဏ်းသစ်​ နှင့်​ မျက်​နှာချင်းဆိုင်​ အ​နေအထား ကို ​ပြောင်းပြီး...ခပ်​တည်​တည်​နဲ့ စကား ​ပြောလိုက်​​တော့...

ဟိဏ်းသစ်​ မျက်​နှာ စူပုတ်​ လာပြီ...

"...အာ့...ဘာဖြစ်​​နေတာလဲ...​မောင်​...မျက်​နှာက စူပုတ်​​နေတာပဲ..."

မကို ချစ်​လို့ (Zawgyi) Donde viven las historias. Descúbrelo ahora