မကို ချစ်လို့#ပန်းခြယ်ရီ
"...သွားပါကွာ...ငါ့ဘဝမှာ မိန်းကလေး ဆိုတာ...အသုံးအဆောင် ပစ္စည်း တစ်ခုလိုပဲ...ဘာမှ ခံစားချက် ထားမနေဘူး...တစ်ခုမကောင်း..
တစ်ခု ဂျောင်းပဲ...""...ငါ့ကို ကြွေအောင် ငါက တမင် လုပ်နေတာ မဟုတ်ဘူး...သူတို့ ဘာသာ ဒီကောင့်ကိုမှ ပစ်ကြွေနေတာတော့ မတတ်နိုင်ဘူး..."
"....ဟားဟား..."
နှင်းပွင့်အိမ် ဓာတ်လှေကား စီးရင်း...စကားသံ ကြားတော့ ထို ကောင်လေး က ဖုန်းပြောနေလေရဲ့...
ဘာကိုမှ ဂရုမစိုက် သည့်ပုံစံ~~~"...ဟွန့်...လာလာချည်သေး...နှင်းပွင့် တို့နဲ့ တွေ့ပြီလေ..."
ဟိဏ်းသစ် ဖုန်းပြောရင်း....ဓာတ်လှေကား မှ ဆင်းသွားတော့...နှင်းပွင့်အိမ် လည်း လိုက်ဆင်း လိုက်သည်...။
"...ကို...နောက်ကျလိုက်တာကွာ...ဇွန်ပွင့် စောင့်နေတာဖြင့် ကြာလှပြီ..."
"...ကို..."
"...မောင်..."
ဟိဏ်းသစ် ကို ကြည့်ပြီး...ဗိုက်ကြီးသည် တစ်ယောက်က 'မောင်' လို့ ခေါ်နေတော့...ဟိဏ်းသစ် ဘေးပတ်ဝန်းကျင် ကို လျှောက်ပတ် ကြည့်နေတော့~~~
"...မောင်...မောင့်ကို ခေါ်နေတာလေ...ဘယ်တွေ လျှောက်ပတ် ကြည့်နေတာလဲ..."
ဟိဏ်းသစ် ကိုယ့်ကိုယ်ကို လက်ညိုးပြန်ထိုးပြ
ကာ..."...ကျွန်တော့် ကို ပြောနေတာလား..."
"...မောင်ကလည်း အခုမှ သူစိမ်း ဆန်နေလိုက်တာ...ဒီဗိုက်တောင် ထွက်လာနေပြီ ပဲကို..သူစိမ်းဆန်တဲ့ စကားတွေ မပြောပါနဲ့...."
"..ဗျာ.."
ဟိဏ်းသစ် မျက်လုံး ပြူးရပြီ...။
တစ်ခါမှ မတွေ့မမြင်ဖူးသည့် အပြင်...ဗိုက်ကြီးသည် က ဘယ်သူနဲ့ ကမြင်းပြီး ရလာတဲ့ ဗိုက်မှန်း မသိတဲ့ ကိစ္စ ကို...အခု ကိုယ် နဲ့ ရတဲ့ ဗိုက်တဲ့လေ...
KAMU SEDANG MEMBACA
မကို ချစ်လို့ (Zawgyi)
Romansaမိန်းကလေး ဆိုတာ... အသုံးအဆောင် ပစ္စည်း တစ်ခု...ပါ လို့ သတ်မှတ် ထားတဲ့... မောင်...မ ကို ရော ပစ္စည်း လို့ သတ်မှတ်ထားလေ မလား~~~ မ စိုးရိမ် နေမိတယ်...မောင်... မ အသည်းကွဲမှာ ကြောက်မိတယ်...မောင်ရယ် နှင်းပွင့်အိမ်~~~ မ...မ ရဲ့ အ...