မကို ချစ်လို့#ပန်းခြယ်ရီ
"..တောက်..."
ဟိဏ်းသစ် 'တောက်' တစ်ချက် ခေါက်ခါ...ခုံ ပေါ် ထိုင်လိုက်သည်...။
"...ယျောင့်...ဘာဖြစ်လာတာလဲ..."
"...ရှင်းသန့် မပေါ့ကွာ...ဘာ အရူးထနေတာလဲ မသိဘူး..."
"...သူက ဘာဖြစ်လို့လဲ..."
"...လာစားနေတာလေ...အခုမှ...ငါ့မှာ မ ရှိတယ် ပြောတာတောင် မလောက်လေးမလောက်စား နဲ့ မရှိတဲ့ ပတ်ဝန်းကျင် မှာ...တဝဲလည်လည် လုပ်နေတာလေ..."
"...သူက မင်းကို ချစ်လို့ နေမှာပေါ့..."
"...ဘာချစ်တာလဲ...တစ်ချိန်လုံး ငြိမ်ကုတ်နေပြီးမှ....အခုမှ ဘာ အရူးထတာလဲ မသိဘူး...မ ငါ့ကို တစ်မျိုး ထင်သွားမှာ အရမ်းကြောက်တာ...မ ငါ့ကို အထင်သေးမှာ အရမ်းစိုးရိမ်တာ...မ ရဲ့ အမုန်းမျက်ဝန်း တွေကို ငါ မခံစားနိုင်ဘူး...မ သာ ငါ့အနား က ထွက်သွားရင်...ငါ ရူးလိမ့်မယ်..."
ဟိဏ်းသစ်...မျက်ရည် တွေ ပါးပြင် ထက် ကို လိမ့်ဆင်းလာသည်...
"...မင်းကလည်း ကွာ...မင်းရဲ့ မ ဘာပြောလိုက်လို့လဲ...အထင်လွဲသွားလို့လား...အာ့ဆို ငါတို့ သွားပြီး ရှင်းပြပေးမယ်လေ..."
"...အေး...ဟုတ်တယ်...ငါတို့ သွားရှင်းပြပေးမယ်..."
"...မ...ငါ့ကို ဘာမှမပြောပါဘူး...ငါကိုက ကြိုတင် ကြောက်ရွံ့ နေတာပါ..."
"...မင်းကလည်းကွာ...အရင်က ဟိဏ်းသစ် မဟုတ်တော့သလိုပဲ..."
"...အေးလေကွာ...အရင်က ဟိဏ်းသစ် က ဘာကိုမှ ဂရုမစိုက် တတ်ဘူး..."
"...အခု ဂရုစိုက် တတ်လာတယ်...အာ့က ငါ မ ကို သိပ်ချစ်လို့..."
"...မင်း ရဲ့ အချစ် ကို မင်းရဲ့မ...သိပါစေ ကွာ..."
မ...
မ ကို မောင် ဘာလို့ အရမ်းချစ်မိမှန်း...မပြောတတ်ဘူး...
မ...မျက်နှာ ပေါ်မှာ အပြုံး လေးတွေ အမြဲ မြင်ချင်တယ်...မရယ်~~~
ESTÁS LEYENDO
မကို ချစ်လို့ (Zawgyi)
Romanceမိန်းကလေး ဆိုတာ... အသုံးအဆောင် ပစ္စည်း တစ်ခု...ပါ လို့ သတ်မှတ် ထားတဲ့... မောင်...မ ကို ရော ပစ္စည်း လို့ သတ်မှတ်ထားလေ မလား~~~ မ စိုးရိမ် နေမိတယ်...မောင်... မ အသည်းကွဲမှာ ကြောက်မိတယ်...မောင်ရယ် နှင်းပွင့်အိမ်~~~ မ...မ ရဲ့ အ...