မကို ချစ်လို့#ပန်းခြယ်ရီ
အားလုံး ထမင်း စားသောက်ပြီး...ယူလာတဲ့ အကျီ င်္တွေကို လှူ တန်း...ပိုက်ဆံ လှူ ပြီး ကိုယ်စီ အိမ်ကို ပြန်ကြသည်...။
သက်ထား က ဆိုင်ကယ် နဲ့ သူ့အဖော် တစ်ယောက် ကို တင်ခေါ်သွားတော့...ဟိဏ်းသစ် ကပဲ နှင်းပွင့်အိမ် ကို အိမ်သို့ လိုက်ပို့ရသည်...။
"...မောင့် အသက် က ဘယ်လောက်လဲ..."
"...ဘာလုပ်မလို့ လဲ..."
"...မ အကြောင်းကျ သူ အကုန်သိတယ်...သူ့အကြောင်း ကျ မ တစ်ခုမှ မသိရလို့လေ...ဘယ် တရားမလဲ..."
"...တရားပါတယ်..."
"...မောင့်..."
အဲ့အသံလေးမှာ...ဟိဏ်းသစ် ကျ ရှုံး လိုက်ရတာကို နှင်းပွင့်အိမ် သိမလား...
'မောင့်' ဆိုတဲ့ အသံတွေ ထားခဲ့ဖူးတဲ့ ရည်းစားတွေ ဆီမှာ...ကြားခဲ့ဖူးပေမယ့်...သူမ ခေါ်သံ လေးမှာ တော့ ကျ ရှုံးခဲ့ရသည်...
"...မောင်...ဖြေလေ...အသက် ဘယ်လောက်လဲလို့..."
"...20..."
"...ငယ်သားပဲ..."
"...3နှစ်ပဲ ကွာပါတယ်..."
"...1နေ့ 1ရက် 1 မိနစ် လေး ကွာတာနဲ့...အကြီးအငယ် ခွဲကြတာပါ...မောင့် ထက် မ ကို 3နှစ် ပိုပြီး ထမင်းစားလာတာ...လူ့ဘဝ မှာ မောင့်ထပ် မ က ပိုပြီး စီနီယာ ကျတယ်...."
"...အော်...ထမင်း ပိုစားလို့ပဲ...ကြီးထွားနှုန်း တွေ က..."
"...မ က မိန်းကလေး မလို့ပါနော်...အရပ်ပုတာ..."
"...ဘာမှမဆိုင်ဘူး ကျွန်တော် နဲ့ တွဲခဲ့တဲ့ ကောင်မလေး တွေမှာ တစ်ယောက်မှ ဂျပု တွေ မပါဘူး ... ကျွန်တော် နဲ့ လယ်ဗယ် မဟုတ်တောင် အရပ်တွေ မကွာဘူး..."
"...အာ့တွေက ချစ်ဖို့မကောင်းပါဘူး...မ မှ အရပ်ပုလေးနဲ့ ချစ်ဖို့ကောင်းတာ...ပြီးတော့ မောင်နဲ့ ယှဉ်လို့ မ အရပ်ပုတာပါနော်...မောင့် အရပ်က ဂလန်ဂလား ကြီးကို..."
VOCÊ ESTÁ LENDO
မကို ချစ်လို့ (Zawgyi)
Romanceမိန်းကလေး ဆိုတာ... အသုံးအဆောင် ပစ္စည်း တစ်ခု...ပါ လို့ သတ်မှတ် ထားတဲ့... မောင်...မ ကို ရော ပစ္စည်း လို့ သတ်မှတ်ထားလေ မလား~~~ မ စိုးရိမ် နေမိတယ်...မောင်... မ အသည်းကွဲမှာ ကြောက်မိတယ်...မောင်ရယ် နှင်းပွင့်အိမ်~~~ မ...မ ရဲ့ အ...