မကို ချစ်လို့#ပန်းခြယ်ရီ
"...ယျောင့် ဟိဏ်းသစ်..."
"...ငါ...ဒီမှာ.."
နန္ဒ နှင့် ရန်နိုင် ထမင်းစားခန်း ဘက်ကို ဝင်လာကြသည်...။
"...မင်းကတော့ ဇိမ်ပဲ..."
"...ကိုယ့်ကံ နဲ့ ကိုယ်လေ...မင်းတို့ ပြောသလိုပဲ..."
"...အေးပါကွာ...အာ့ကြောင့် မင်းရဲ့ မမ နဲ့ တွေ့တာပေါ့ကွာ..."
"...ဘယ်က မမလဲ..."
"...မောင့်ရဲ့မ နှင်းပွင့်အိမ် လေကွာ..."
"...အချော ဆိုကွ..."
"...မင်း ကို ဘယ်သူ ပြောလဲ..."
"...နန္ဒ ပြောတာ..."
"...မချော ပါဘူးကွာ..."
"...ရန်နိုင် ငါ့စကားကို မယုံဘူးဆို...ငါ သက်သေပြမယ်....ဒီမှာ ကြည့်..."
ဓာတ်ပုံ တွေ အထပ်လိုက်~~~
"...သူ လား..."
"...အေ..."
ဟိဏ်းသစ် ဓာတ်ပုံ တွေ ယူကြည့် လိုက်သည်...။
"...ဟိဏ်းသစ် မင်း ပြောတော့ မချောဘူးဆို...ဒါလား မချောတာ..."
"...နန္ဒ မင်း စုံစမ်း ခဲ့ပြီးပြီ လား..."
"...ဘယ်လိုထင်လဲ..."
"...ယျောင့် ဈေးလာမဆစ်နဲ့...အိမ်မှာ မုန့်ဟင်းခါး ချက်တယ်...မစားချင်နေ..."
"...ဟာ..မင်းကလည်း စတာကို..."
"...ပြော..."
"..ဟုတ်တယ် ငါလည်း သိချင်တယ်...နန္ဒ.."
"...အဲ့နေ့ မင်းရဲ့ မ ပြောတာ...အကုန် မှန်တယ်...သူ့နာမည် က နှင်းပွင့်အိမ် . bella cosmetic ရဲ့ မန်နေဂျာ . အမေ ပဲ ရှိတယ် . အဖေ က ဆုံးသွားတာ ကြာပြီ . သူ့မှာ ရည်းစား အခုထိ မရှိသေးဘူး . မင်းပတ်ဝန်းကျင် က လူတွေနဲ့ သူနဲ့ အကင်းအရှင်းကြီး သူက သတ်သတ် တစ်ယောက်. သူက ပျော်ပျော် နေတယ် . မိတ်ဆွေ ပေါတယ်.
သူငယ်ချင်း ကတော့ တစ်ယောက်ပဲ ရှိတယ် .
အလုပ်မှာ တော်တဲ့ တစ်ယောက် . online ဝတ္ထု တွေ ဝါသနာ အရ ရေးတယ် "
ŞİMDİ OKUDUĞUN
မကို ချစ်လို့ (Zawgyi)
Romantizmမိန်းကလေး ဆိုတာ... အသုံးအဆောင် ပစ္စည်း တစ်ခု...ပါ လို့ သတ်မှတ် ထားတဲ့... မောင်...မ ကို ရော ပစ္စည်း လို့ သတ်မှတ်ထားလေ မလား~~~ မ စိုးရိမ် နေမိတယ်...မောင်... မ အသည်းကွဲမှာ ကြောက်မိတယ်...မောင်ရယ် နှင်းပွင့်အိမ်~~~ မ...မ ရဲ့ အ...