မကို ချစ်လို့#ပန်းခြယ်ရီ
"....မင်္ဂလာပါ ရှင့်...ကျွန်မ က bella cosmetics ရဲ့ မန်နေဂျာ ပါ .... အခု ဒီနေ့ မှာ presenter တစ်ဦး က အရေးကြီးတဲ့ ကိစ္စ တစ်ခုကြောင့် မလာနိုင်လို့ ကျွန်မ က ကိုယ်စား တက် ပြောပေးတာပါ...တစ်ခုခု အမှားအယွင်း ရှိခဲ့ရင် နားလည် ပေးကြပါလို့ ဒီနေရာမှာ ပဲ.. မေတ္တာ ရပ်ခံ ချင်ပါတယ်ရှင့်...."
"........"
"....ပွဲ အခမ်းအနား အစီအစဉ် အရ...အစီအစဉ်
1 . ပွဲ အခမ်းအနား စတင်ကြောင်း ကြေငြာ ခြင်း
အစီအစဉ် 2 . Angel wedding dress လီမိတက် မန်နေဂျင်း ဒါရိုက်တာ မှ မိန့်ခွန်း ပြောကြားခြင်း အစီအစဉ် 3 . ဒီဇိုင်းနာ မခွန်းဆင့်မှ
ဝမ်းမြောက်ဂုဏ်ယူ ကြောင်း ပြောကြားခြင်း...
အစီအစဉ် 4 . ပွဲ အခမ်းအနား ကို အဘက်ဘက် မှ ကူညီပေးကြသော သူများ ကို ဂုဏ်ပြု အမှတ်တရ လက်ဆောင် များ ပေးအပ်ခြင်း
အစီအစဉ် 5 . မော်ဒယ် များမှ wedding dress များ ကို ဝတ်ဆင် ပြသ ပေးခြင်း..အစီအစဉ် 6 .
အခမ်းအနား ပြီးဆုံး ကြောင်း ကြေငြာခြင်း.."အစီအစဉ် အရ 1 မှ 6 အထိ လွဲချော် မှု မရှိ...
အောင်အောင်မြင်မြင် ဖြင့် ပြီးမြောက် ခဲ့ပြီလေ...။.
"...ဟိဏ်းသစ်..."
"...ဟွန်..."
"....မင်း မမ နဲ့ မတွေ့ဖြစ်ဘူးလား..."
"........."
"....ဟမ်...မတွေ့ဖြစ်ဘူးလား...."
"........"
"...ယျောင့်..."
"...ဘာလဲ...ဘာပြောတာလဲ..."
"....မင်း မမ နဲ့ မတွေ့ဖြစ်ဘူးလား လို့..."
"...အင်း...မတွေ့ဘူး...သူ့ကိုယ်သူ ဘယ်နား ရောက်ရောက်...စိတ်မဝင်စားဘူး..."
"...သူ မန္တလေး ရောက်နေတယ်တဲ့..."
"...ဟမ်...."
ဟိဏ်းသစ် တံခါးဝ ကို မျက်နှာမူ ရပ်နေရာမှ ...
နန္ဒ ဘက် ကို အလောတကြီး လှည့်လိုက်လိုက်သည်...။
ESTÁS LEYENDO
မကို ချစ်လို့ (Zawgyi)
Romanceမိန်းကလေး ဆိုတာ... အသုံးအဆောင် ပစ္စည်း တစ်ခု...ပါ လို့ သတ်မှတ် ထားတဲ့... မောင်...မ ကို ရော ပစ္စည်း လို့ သတ်မှတ်ထားလေ မလား~~~ မ စိုးရိမ် နေမိတယ်...မောင်... မ အသည်းကွဲမှာ ကြောက်မိတယ်...မောင်ရယ် နှင်းပွင့်အိမ်~~~ မ...မ ရဲ့ အ...