မကို ချစ်လို့#ပန်းခြယ်ရီ
ဒေါက်...ဒေါက်...ဒေါက်..
"...သမီး.."
"...ရှင်...အမေ့ ဝင်ခဲ့လေ.. သမီး တံခါး ဖွင့်ထားတယ်..."
ကျွီ...
"...ဟဲ့...သမီး ဘာတွေ လုပ်နေတာလဲ..."
ဒေါ်သီတာ အံ့သြ နေရသည်က...သမီး ဖြစ်သူ က ဗီဒိုထဲက အဝတ် တွေ အကုန် ဖြန့်ကျက် ကာ အိတ် ထဲ ထည့်နေသည် ကို...။
"...ယောကျာ်း နောက် လိုက်ဖို့ လေ...အမေ ရဲ့...အဝတ် တွေ ထည့်နေတာ...အမေ မသိအောင် ခိုးထည့်နေပါတယ်ဆိုမှ အမေနဲ့ တဲ့တဲ့ကြီးကို တိုးမိနေသေးတယ် အဲ့တော့ ခိုးရာ မလိုက်တော့ဘဲ ပေါ်တင်ပဲ လိုက်ရတော့မှာပဲ...မတတ်နိုင်ဘူး..."
"...ဟဲ့ မိနှင်းပွင့်..."
ဒေါ်သီတာ အသံ ဆုံးသည်ထိ အမြင့်သံနဲ့ အော်လိုက်တော့~~~
"...အမလေး...လိပ်ပြာတွေ တော့ လွင့်တော့မှာပဲ အမေရယ်...ဖြေးဖြေး သာသာ ပြောပါ...မိန်းမ တစ်ယောက် ဖြစ်နေပြီး အော်ကြီးဟစ်ကျယ်နဲ့...အမေ နဲ့ အဝေးကြီးမှာ သမီး ထိုင်နေတာ မဟုတ်ဘူး...နီးနီးလေး...ဖြေးဖြေးသာသာ ပြော ကြားပါတယ်..."
"...ညည်းပဲ လိပ်ပြာ လွင့်မှာလား...ညည်း ပဲ လိပ်ပြာ ရှိတာလား...ငါ ကျတော့ရော...ညည်း လုပ်ပုံကို က..."
"...အမေ ကလည်း သမီး အခု အရွယ် ရောက်နေပြီလေ..."
"...ညည်း အသက် အခုမှ 23 နှစ်ပဲ ရှိသေးတယ်...အာ့ အရွယ်ရောက် တာလား...အခုမှ လူဖြစ်ကာစ ရှိသေးတယ်.."
"...ယောကျာ်း ယူဖို့ အရွယ်ရောက်နေပြီ မေရဲ့...သမီး သူငယ်ချင်း တွေ အခုချိန် ဆို လင်ယူ သားမွေး ဖြစ်ကုန်ပြီ...သမီးသာ အမေ့နား မှာ ခုချိန်ထိ နေပေးတုန်း...အမေ ကျေးဇူး တင်ပါ..."
"...အမလေးတော်...ကြီးကြီးကျယ်ကျယ်..."
"...အမေ...အမေ သမီး မွေးထားမှတော့ မွေးပြီ ဆိုကတည်းက ကိုယ့်သမီးက တခြားမိန်းမ တစ်ယောက်ရဲ့ သမီး...တခြား ကောင်လေး တစ်ယောက် ရဲ့ မိန်းမ ဖြစ်လာမယ် ဆိုတာ...အမေ နားလည်ထားသင့်တယ်...အမေ ကို မလန့်အောင် ကြိုတင် စိတ်ကို ပြင်ဆင်ထားခိုင်းတာပါ...အခု အမေ က နှင်းပွင့်အိမ် ဆိုတဲ့ သမီး ကို မွေးထားပြီး ခုထိ အိမ်ထောင်ချ ပေးဖို့...မတွေးထား တော့ သမီးဘာသာ ပဲ ကြိုးစားရတာပေါ့...အမေတောင် အဖေ နဲ့ လက်ထပ် ခဲ့တာပဲလေ...ပြီးတော့ မိဘဝတ် ငါးပါးထဲမှာ သားသမီးကို အိမ်ထောင်ချ ပေးဖို့ဆိုတဲ့ ဝတ္တရား လည်း ပါတယ်လေ...အမေ အဲ့ ဝတ် မလုပ်ရသေးဘူး...အမေ့တာဝန် တွေ လစ်ဟင်းနေတယ်...အဲ့အတွက် သမီး ကပဲ အနစ်နာခံ စဉ်းစားပေးပြီး ယောကျာ်းယူတာ..."
BẠN ĐANG ĐỌC
မကို ချစ်လို့ (Zawgyi)
Lãng mạnမိန်းကလေး ဆိုတာ... အသုံးအဆောင် ပစ္စည်း တစ်ခု...ပါ လို့ သတ်မှတ် ထားတဲ့... မောင်...မ ကို ရော ပစ္စည်း လို့ သတ်မှတ်ထားလေ မလား~~~ မ စိုးရိမ် နေမိတယ်...မောင်... မ အသည်းကွဲမှာ ကြောက်မိတယ်...မောင်ရယ် နှင်းပွင့်အိမ်~~~ မ...မ ရဲ့ အ...