မကို ချစ်လို့
#ပန်းခြယ်ရီ
Dj အသံ တွေ . မီးရောင် တွေ ကြားထဲ
ခေတ် လူငယ်တွေ စုံစုံညီညီ ဖြင့်...စည်းချက် တွေ ကြားထဲ က ခုန်နေကြသည်...။ဟိဏ်းသစ် နှင်းပွင့်အိမ် ၏ ကိုယ် တစ်ကိုယ်လုံး ကို ကာကွယ် ပေးထားသလို နှင်းပွင့်အိမ် အနောက်မှာ ရပ်လျက်...စည်းချက် တွေကြား...
လိုက် ကခုန်နေသည်...။နှင်းပွင့်အိမ် တော့ ဟိဏ်းသစ် ရင်ခွင်မှာ...နေလျက် ရပ်နေတော့...ဘေးနားက ကခုန်နေကြတဲ့ သူတွေ က နှင်းပွင့်အိမ် ခြေထောက် ကို တက်နင်းနေကြသည်...
"..အာ့..."
"...မ...ဘာဖြစ်လို့လဲ.."
"...မ ခြေထောက် ကို တက်နင်းခံ ရလို့..."
"...မ ရပ်မနေနဲ့...ကိုယ်လှုပ်နေ..."
"...မ မလှုပ်တတ်ပါဘူး..."
"...မလှုပ်တတ်တာတော့ မဟုတ်လောက်ပါဘူး...မောင် ရှိနေလို့ မလှုပ်ရဲတာလား..."
"...မဟုတ်ပါဘူး..."
"...ဟုတ်ပါတယ်..."
"...မဟုတ်ပါဘူး ဆို...မောင် ကလည်း..."
"...ဟုတ်ပါတယ်...မ ရှက်နေတာ...ဘာ ရှက် စရာ ရှိလဲ...မ က မောင့်ရဲ့မ...သူစိမ်း မဟုတ်ပါဘူး...ရှက်မနေနဲ့နော်..."
"...အင်းပါ..."
နှင်းပွင့်အိမ် စကားပွဲ ကို...ရပ်ရန်သာ...ခေါင်းငြိမ့်လိုက်ရသည်...
"...ယျောင့်...ရော့...အရှိန်တင်လိုက်..."
နန္ဒ ဟိဏ်းသစ် ကို...ဘီယာ ထည့်ထားသော ရေသန့်ဗူး ကို လှမ်း ကမ်းပေးတော့...ဟိဏ်းသစ် ယူ ကာ ပါးစပ် ထဲ ထည့်လိုက်ပြီ...။
နှင်းပွင့်အိမ်...သူတို့ ကြားထဲ မနေချင်တော့~~~
မောင့်ကို စိတ်မချ ဖြစ်မိလို့...မ လိုက်လာမိတာ...အခုတော့ မ လိုက်လာမိတဲ့...မ ခြေထောက် ကို ဖြတ်ချင်မိတယ်~~~
DU LIEST GERADE
မကို ချစ်လို့ (Zawgyi)
Romantikမိန်းကလေး ဆိုတာ... အသုံးအဆောင် ပစ္စည်း တစ်ခု...ပါ လို့ သတ်မှတ် ထားတဲ့... မောင်...မ ကို ရော ပစ္စည်း လို့ သတ်မှတ်ထားလေ မလား~~~ မ စိုးရိမ် နေမိတယ်...မောင်... မ အသည်းကွဲမှာ ကြောက်မိတယ်...မောင်ရယ် နှင်းပွင့်အိမ်~~~ မ...မ ရဲ့ အ...