Chapter 7

860 119 10
                                    

ZAWGYI VERSION

Plan's POV

Plan: Ai Perth. မင်းဘယ်ရောက်နေပီလဲ မင်းပဲကျန်တော့တာ!

Plan က သူ့အချစ်ဆုံးသူငယ်ချင်း perth ကို ဖုန်းဆက်ရင်း အော်လိုက်တယ်. ခုထိ လူပျိုည party ကို မရောက်သေးဘူးလေ.
Gun ကတော့ ရောက်လာရင် သတ်မယ်ဆိုတဲ့ပုံမျိုး လက်ဟန်ခြေဟန်နဲ့ လှမ်းလုပ်ပြနေတယ်.

မင်္ဂလာပွဲ မတိုင်ခင် ၃ ရက်အလိုပါ! P Pondက သူပြန်ရောက်ရောက်ချင်းပဲ ကျွန်တော်တို့ပျော်ဖို့လူပျိုည party စီစဉ်ပေးတယ်.
Rooftop ဘား တစ်ခုလုံးငှားပေးထားတယ် သူငယ်ချင်းတွေနဲ့ သောက်စားပျော်ရအောင်ပေါ့.
ကျွန်တော့မှာ က သူငယ်ချင်းများများမရှိဘူး. Mean လည်းအာ့တိုင်းပဲ. သူဒီလောက် Popular ဖြစ်နေလို့ တော်တော်များများနဲ့ ခင်နေပေမယ့် သူက သူငယ်ချင်းကိုတော့ နည်းနည်းပဲထားတာ ထူးဆန်းတယ်.

Mean က အောက်ထပ် Bar ကို ယူလိုက်တယ် ကျွန်တော်တို့ အဖွဲ့ကတော့ လုံးဝ rooftop ကိုအပိုင်စီးယူထားလိုက်တာ . ကျွန်တော်ရော Meanရော သက်သတ်စီ ပျော်ရအောင် သဘောတူထားကြတာ. ကိုယ်ပိုင်ချိန်မှာ အချင်းချင်း အနှောင့် အယှက်မပေးချင်ဘူးလေ.

P Pond: Perth ကတော့ အမြဲနောက်ကျပဲ . ဘယ်တော့မှ ပြောင်းမလဲမသိ.

P ကကျွန်တော့ ငယ်သူငယ်ချင်းကြီးကို ကောင်းကောင်းသိတယ်လေ .

Plan: မသိဘူး . သူလည်း မိန်းမယူသင့်ပီ!

Gun: အမလေး . မလုပ်ပါနဲ့ သူ့မိန်းမကို ကြိုသနားလို့!

( Gun နဲ့ က အထက်တန်းမှာတွေ့ရင်း သုံးယောက်ပေါင်းလောင်းကျော်ဖြစ်လာတာ. တက္ကသိုလ်ထိတူတူပဲ. မေဂျာ မတူပေမယ်ပေါ့. နိုင်ငံခြားကို စာသွားသင်ကြမှပဲ ခွဲကြရတော့တာ)

P Pond: ဒါဆို Plan လိုယောကျာင်္းပေးစားလိုက်မယ် . ဟားဟား

Gun: အာ့ဆိုမဆိုးဘူး.

သူတို့အားလုံး Perth အကြောင်း အတင်းတုပ်ရင်း ရယ်နေလိုက်ကြတယ် . Perth က မိန်းမကြိုက်တာမှာ နာမည်ကြီးကို....

Perth: ဘာတေ အာ့လောက်ရယ်နေကြတာလဲ ?

Plan: ငါတို့ မင်းအတင်းတုပ်နေတုန်း မင်းရောက်လာတာပဲ .

ကြေးမုံရိပ် က သူ / ကြေးမုံရိပ်ကသူ ( Mirror Boy)CompletedOù les histoires vivent. Découvrez maintenant