Mean 's POV
နိုးလာတော့ Plan ပင်မရှိတော့. သူစောစော ဆိုင်သွားမှာ သိပေမယ့် ဒီလောက်ကြီးကတော့ မထင်ထားမိ! ညက ကိုယ့်အရှိန်နဲ့ ကိုယ် ပြောချင်တာတွေ ပြောနေမိပေမယ့် Plan များ စိတ်ဆိုးသွားတာလား စိတ်ပူမိသည်.
သို့သော် ကိုယ့်ကို အာ့လောက် စိတ်ဝင်စားမှာ မဟုတ်ပါဘူးလေဟု Mean ကိုယ့် စိတ်နဲ့ ကိုယ် နှိုင်း၍သာ အပြစ်လွတ်အောင် တွေးမိလိုက်သည်.At office-
Mean: ဒီစာရင်းတွေ ကိုသေချာရှင်းပြီး ညနေ အမီပြန်တင်နော်.Secretary: ဟုတ်ကဲ့ Vice. ပြီးရင် Chair ဆီ ခဏ သွားလိုက်ပါ့လား ? မနက်တည်းက မျက်နှာ မကောင်း သလို Vice ကိုလည်း မေးနေတယ်.
Mean: ဟုတ်လား ? ငါ site ထဲသွားလိုက်ဦးမယ် ပြန်လာမှ တွေ့လိုက်မယ်.
ဒီကြားထဲ အကျပ်အတည်းတွေ့နေတဲ့ လုပ်ငန်း တချို့ကို Mean ကိုယ်တိုင်လိုက်ဖြေရှင်းနေရသောကြောင့် အဆင်ပြေသွားသည်! အဓိက က Plan အဖေ ကူပေးထားတာတွေကြောင့်လည်းပါသည်.
Mean: Por. ကျွန်တော့ကို ရှာနေတယ်ဆို ?
Bank: အေးသား ထိုင်ဦး .ဟိုတယ် အတွက် မြေနေရာ ကိစ္စတွေ ဘယ်လိုလဲ ?
Mean: ကျွန်တော် အခုပဲ သွားကြည့်ထားတာ . စဆောက်လို့ရနေပါပီ.
Bank: Eric ( Plan Dad) ကူပြောပေးထားတယ်ဆို.
Mean: အင်း Pa Eric က ဥပဒေအရအရှုပ်အရှင်းနဲ့ စာချုပ်ပိုင်းတွေရှင်းထားလို့ အဆင်ပြေသွားတာ.
Bank သက်ပျင်းချလိုက်ရင်း Mean ကို သေချာစွာကြည့်လိုက်မိသည် .
Mean: ဘာလို့လဲ ? အခု စိတ်ပူစရာမရှိတော့ပါဘူး.
ဒါနဲ့ Mae နဲ့ မခေါ်ဘူးဆို . ပြန်သွားခေါ်လိုက်ပါ! သူများအိမ်ဆင်းသွားတာမကောင်းဘူးလေ.Bank: မင်း အမေကို ငါအရမ်း စိတ်ဆိုးတယ်!
Mean: ဘာတွေ ဖြစ်ထားတာလဲ.
Bank: ဘာမှ မဟုတ်ဘူး! ဖေတို့ဘာသာရှင်းမယ်! သားရော Plan လေးနဲ့ အဆင်ပြေလား?
Mean: ဒီလိုပါပဲ .
Bank: သား .
Mean: ဟုတ်ပြောပါ .
Bank တွေဝေနေရင်း ပြောမည့်စကားတွေကို စဉ်းစားနေပုံ ...
Mean: Por! ဘာပြောချင်လို့ လဲ?

ВЫ ЧИТАЕТЕ
ကြေးမုံရိပ် က သူ / ကွေးမုံရိပျကသူ ( Mirror Boy)Completed
ФанфикThis fanfiction is my own creation and all rights reserved to me! မဖြစ်မနေ စတင်ခဲ့ရတဲ့ အိမ်ထောင်တစ်ခု ပြိုလဲခဲ့ဖို့ ရည်ရွယ်သူနဲ့ အမှတ်မထင် ထိန်းသိမ်းခဲ့သူ! ပျော်ရွှင်မှုဆိုတာ ကြေးမုံပေါ်ကလို ရောင်ပြန်ဟပ်အောင် သူတစ်ယောက်ကတော့ စွမ်းဆောင်နိုင်ခဲ့သလား? M...