Chapter 51 END

841 63 9
                                    


UNICODE Version

Plan's POV

အကြာကြီးနေမှ အပြင်ထွက်လာရတာ စိတ်ရောကိုယ်ပါ လန်းဆန်းစေတာ အမှန်...

ပြီးတော့ သူခေါ်လာတာက အရင်ကခေါ်လာဖူးတဲ့ သူ့ရဲ့ အပန်းဖြေအိမ်လေး... စိတ်မချလို့ ဝေးဝေး မခေါ်ဘူးတွေ ဘာဘူးတွေ လျှောက်ပြောပြီး သူ့စားကျက်ကို ပဲ ခေါ်လာပေသည်... သို့ပေမယ့် Plan အတွက်က မြို့ပြနဲ့ဝေးပြီး လေထုလတ်လတ်ဆတ်ဆတ်ရကာ ပတ်ဝန်းကျင်က သာယာနေသည်မို့ အပြစ်ဆိုစရာမရှိ...

Mean: Plan အပြင် မှာ အကြာကြီး ထိုင်မနေနဲ့ဦးလေ... ကားအကြာကြီးစီးလာရတာ. ခဏ အိမ်ထဲဝင်နားလိုက်ဦး! ပြီးမှ ဟိုနားဒီနားလျှောက်သွားချင်သွား!

Plan: အင်းပါ.. ကားစီးလာရတာ အာ့လောက် မပင်ပန်းပါဘူး! P ကလဲ တဗျစ်တောက်တောက်နဲ့ အဘိုးကြီးကျလို့...

Mean: ဘယ်သူလေးကြောင့် အိုစာ မတတ် စိတ်ပူနေရတာပါလိမ့်?

Plan: အင်းပါ.. ဝင်ပြီး နားလိုက်ဦးမယ်.

Mean က Plan မျက်နှာနားကပ်၍ မေးခွန်းထုတ်လိုက်သောကြောင့် Plan လည်း ရှက်ရှက်နဲ့ အိမ်ထဲဝင်ပြေးရလေတော့သည်..

Plan: P! ညနေ ဘယ်သွားကြမလဲ?

Mean: Plan ကြိုက်တဲ့ ဟိုနေကြာပန်းခင်းကြီးထဲ သွားကြမလား?

Plan: အိုကေလေ...

Plan လည်း စကားနားထောင် ရင်း ခဏနားလိုက်ကာ မှေးခနဲ အိပ်ပျော်သွားလေသည်.

........
Mean's POV

Mean လည်း မြို့ကနေ ဝယ်လာတဲ့ ညနေစာတွေကို အဆင်သင့်ပြင်ထားပေးသည်.. plan နိုးလာရင် ပန်းခင်းထဲခေါ်သွားမယ် ပြန်လာရင် romantic dinner လေး က အဆင်သင့်ဖြစ်အောင်...
ကိုယ့် အတွေးနဲ့ ကိုယ်တော့ ကျေနပ်နေရလေသည်..
ဘောင်းဘီ အိတ်ကပ်လေးကို စမ်းကြည့်ရင်း ချစ်ခွင့်ပန်ရမည့် စကားများတောင် မမှားအောင် အလွတ်ကျက်ရမလိုလို ရင်ခုန်နေမိသည်..

Plan: တစ်ယောက်တည်း ပြုံးစိစိနဲ့ ဘာလုပ်နေတာလဲ?

Mean: အော် Plan နိုးလာပြီလား အတော်ပဲ! နေဝင်တာကြည့်ဖို့ ခုတည်းက ထွက်မှ ရမှာ

Plan: အင်း သွားမယ်လေ!
Mean: အင်း ကားပေါ်တက်!

ညနေ ဆည်းဆာ မဝင်ခင် နေကြာပန်းခင်းကြီးသည် လေနုနုတွင် ယိမ်းနွဲ့ရင်း အလွန် ပနံသင့်လျက်...

ေၾကးမံုရိပ္ က သူ / ကြေးမုံရိပ်ကသူ ( Mirror Boy)CompletedNơi câu chuyện tồn tại. Hãy khám phá bây giờ