Zawgyi Version
Mean's POV
Rak: Aom က တော်တော်လှလာတာနော်. အင်းလေ ငယ်ငယ်တည်းက လည်း ချောချောလေးကို...
Mean ထမင်းဝိုင်းမှာ တော်တော် အဆင်မပြေခံစားနေရသည်. ဟိုကောင်မလေးက သူကားပေါ်က ဆင်းမလာသေးခင်ပင် ကို နှုတ်ဆက်ခါပြန်သွားပြီမို့ စိတ်မကြည်သော်လည်း ကိစ္စပြီးပြီဟုထင်ထားသည်.
သို့သော် ထမင်းဝိုင်းတွင် ယောက္ခမတို့က သူမအကြောင်း အဆက်မပြတ်... အဆိုးဆုံးက ပြုံးပြုံးကြီး ခေါင်းညိမ့်ကာ နားထောင်နေသော သူကြောင့်...
Rak : သား နဲ့မိတ်ဆက်ပေးလိုက်သေးလား
Mae Rak က သူ့ဖက်လှည့်မေးလိုက်သောကြောင့် မျက်မှောင်ကြုတ်နေမိသော မျက်နှာကို ပြန်လည်ပြင်ဆင်ရင်း
Mean: ကျွန်တော်ကားပေါ်က ဆင်းလာတော့ သူကပြန်သွားပြီ.
Rak: Plan ကရော ပြောလိုက်သေးလား. Mae ကတောင် Plan လက်ထပ်ပြီးတဲ့ ကိစ္စမပြောလိုက်မိဘူး. သူမသိဘူးမလား?
Plan: မပြောပါနဲ့!
Plan ရုတ်တရက် အသံမြင့်ပြောလိုက်ခြင်းက ရင်ထဲ မီးတောက်သွားသလို
*အော်... အသိမပေးချင်ဘူးလား?*
Rak: ဟင် ဘာလို့လဲ.
Plan: ကျွန်တော် နောက်တစ်ခါ တွေ့ရင် ကိုယ်တိုင်ပြောလိုက်ပါ့မယ်. တော်ကြာမင်္ဂလာဆောင်တာတောင် မပြောဘူးဆိုပြီး စိတ်ဆိုးနေမှာစိုးလို့.
*နောက်တစ်ခေါက် တွေ့ဦးမယ်ပေါ့*
ကျွန်တော် သူ့ကို ဘယ်လိုမျက်နှာပေးမျိုးနဲ့ ကြည့်လိုက်မိမှန်း မသိပေးမယ့် Plan ကတော့ ကျွန်တော့ကို ခိုးကြည့်ရင်း တခုခုကိုဝှက်ထားချင်သလို ခေါင်းငုံ့သွားသည်. ထမင်းဝိုင်းလေးဟာ Mae Rak ရဲ့ တခြားစကားများနဲ့ ပွဲဆက်လျက်...
.........Mean : သူက ဘယ်သူလဲ??
Plan: ဟမ်? ဘယ်သူ့ပြောတာလဲ?
Mean : မသိချင်ယောင် မဆောင်ပါနဲ့. ကားပေါ်ကတောင် ပြေးဆင်းပြီး နှုတ်ဆက်ရတဲ့ တစ်ယောက်လေ.
အိပ်ခန်းထဲ ပြန်ရောက်ရောက်ချင်းကို မစောင့်နိုင်အောင်မေးမိသည့် ကိုယ့်ကိုယ်ကို အံ့သြမိသည်.
စိတ်ဆိုးနေတာကိုလည်း ကွယ်ထားချင်သောကြောင့် ဗီရိုဘက်မျက်နှာမူရင်း အင်္ကျီရှာသလိုဟန်ဆောင်နေသော်လည်း Plan ရဲ့ ဝေ့လည်ကြောင်ပတ် စကားကြောင့် လှည့်မေးလိုက်ရသည်.

ESTÁS LEYENDO
ကြေးမုံရိပ် က သူ / ကွေးမုံရိပျကသူ ( Mirror Boy)Completed
FanficThis fanfiction is my own creation and all rights reserved to me! မဖြစ်မနေ စတင်ခဲ့ရတဲ့ အိမ်ထောင်တစ်ခု ပြိုလဲခဲ့ဖို့ ရည်ရွယ်သူနဲ့ အမှတ်မထင် ထိန်းသိမ်းခဲ့သူ! ပျော်ရွှင်မှုဆိုတာ ကြေးမုံပေါ်ကလို ရောင်ပြန်ဟပ်အောင် သူတစ်ယောက်ကတော့ စွမ်းဆောင်နိုင်ခဲ့သလား? M...