Chapter 5

837 107 13
                                    

ZAWGYI VERSION

အမေ ၂ ယောက်ထွက်သွားတော့ Mean နဲ့ Plan သာကျန်ခဲ့သည်.

Mean: ဒါဆို ဒီဇိုင်းလေးများ ပြပေးနိုင်မလား?

Mean က Plan ကိုတောင် လှည့်မကြည့်ဘဲ တခြားဒီဇိုင်းတွေရွေးနေလေသည် .
Plan ဘာပြောပြော Mean ပုံက လက်ခံမည့်ပုံ မပေါ်သောကြောင့် အကျင့် အရ နှုတ်ခမ်းက တစ်တောင်လောက်ဆူထွက်လာမိသည်.
Mean လည်း မကြည့်ပေမယ့် ထို ဆူထော်အားသတိထားမိသည်. သို့သော်လည်း မသိချင်ယောင်ဆောင်လျက်...

Dress planner: အကို. ဒီဒီဇိုင်းလေးကြည့်ကြည့်ပါဦး!

Mean : တော်ဝင် အပြာရောင်လိုမျိုးရှိလား? ကျွန်တော်အာ့လေးလိုချင်တာ. suit necktie ရောအားလုံး.

Plan: ဟင့်အင်း အာ့အရောင်ကြီး ကျွန်တော် မကြိုက်ဘူး P!

Mean : ကိုယ်ကရော မင်းအကြိုက်မေးနေလို့လား Plan.

လူကြီးတွေ မရှိတော့သည်နှင့် လေသံတို့ကပြောင်းလဲ မာကျောကုန်သည်. အကြည့်တွေကလည်း အေးစက် လို့.

Plan : မင်္ဂလာဆောင်ဆိုတာ ၂ ဦးသဘောတူပါဆို. အနည်းဆုံး တစ်ခုလောက်ကတော့ ကျွန်တော့ အကြိုက်ဖြစ်သင့်တယ်လေ!

Mean: မင်းဘာကြိုက်လဲ ကိုယ်ဂရုမစိုက်ဘူး . ကိုယ်ကတော့ အပြာရောင်ပဲ.

Plan : ရတယ်လေ . ကျွန်တော်လည်း အစိမ်းပဲ ဝတ်မယ်. ခင်ဗျားကို စဉ်းစားပေးပြီး မျှတအောင် အဖြူလေးရွေးခဲ့ပေမယ့် ခုတော့ ကျွန်တော်လည်း ကိုယ့်အကြိုက်ပဲ ကိုယ်လုပ်တော့မယ်.

Mean ရယ်လိုက်သည်. ကိစ္စတွေက ထင်သလိုပင်. Plan ကို ရွဲ့ရင်း စနောက်ရသည်မှာ လွယ်ကူသည်.

Mean: အိုကေလေ. ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြမယ်. အကယ်၍ တစ်စုံတစ်ယောက်က ၂ ယောက်သား မညီလိုက်ကြတာ ပြောရင် ကိုယ့်မိန်းမက ကိုယ့်စကားနားမထောင်တတ်ဘူးလို့ပြောလိုက်မယ်လေ!

Mean ရယ်လိုက်တော့

Plan: P နော်! ဘာတွေလျှောက်ပြောနေတာလဲ??

Plan နားရွက်လေးတွေကတော့ ရဲလို့. ရှက်လို့လား စိတ်တိုသွားလို့လားမသိ.

အာ့အချိန်မှာပဲ
"Mean ရေ"

တစ်စုံတစ်ယောက်က Mean ကိုအော်ခေါ်ရင်း ဆိုင်ထဲကိုရေးကြီးသုတ်ပြာပြေးဝင်လာသည်.

ကြေးမုံရိပ် က သူ / ကြေးမုံရိပ်ကသူ ( Mirror Boy)Completedحيث تعيش القصص. اكتشف الآن