Chapter 49

610 75 14
                                    

Unicode Version

Mean's POV

Plan ဆေးရုံမဆင်းခင်တည်းက သူ့ကို အနီးကပ်ပြုစုဖို့ အစီအစဉ်တွေချလိုက်ရတာ အမော... အဓိကကတော့ ကုမ္ပဏီအလုပ်တွေတောင် လွှဲသင့်သူတွေကို တာဝန်ပေးထားပြီး ကိုယ်ကတော့ အိမ်မှာပဲ အိမ်ရှင်ထီးလုပ်ကာ အနားနေလိုသည်မို့..

ထူးထူးဆန်းဆန်း Plan ဆေးရုံတက်နေစဉ်က မီးဖိုချောင် ဝင်နှောက်ရှာဖွေရာကနေ Plan သိမ်းထားတဲ့ ဟင်းချက်စာအုပ်လေးကို တွေ့မိတယ်... သူ ကျွန်တော့ အကြိုက်တွေ ရေးမှတ်ထားတာပဲ... ကျွန်တော့ အကြောင်းလေးတစ်စွန်းတစရောစွက်ထားတဲ့ ကျွန်တော့ အတွက် ဟင်းလျာလေးတွေက သူ့အချစ်ကို သူပြသခဲ့တဲ့ နည်းလမ်းလေးတွေမှန်း ကျွန်တော်မမြင်ခဲ့ဘူး...

ကျွန်တော့အတွက် ကြိုးစားပြင်ခဲ့ပြီးမှ ကျွန်တော် ဂျီးများခဲ့ရင် သူဘယ်လောက် စိတ်ညစ်ခဲ့ရမလဲ တွေးပြီးဝမ်းနည်းမိတယ်...

သူ့ချစ်ခြင်းတွေကို မမြင်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုကတော့ အပြစ်တင်လို့ကို မဆုံးဘူး...

ဒါပေမယ့် သူ့စိတ်ကို သိနေမှတော့ ကျွန်တော် ရအောင်ပြန်ကြိုးစားမယ်..

သူဘယ်လို ငြင်းငြင်း... သူပြန်ယုံကြည်လာအောင် သူပြန်ချစ်လာအောင် ကျွန်တော်ကြိုးစားမယ်လို့တွေးမိတယ်...

ခုလည်းကြည့်လေ... ဆုလာဘ်လေးအတွက် တောင်းခံခဲ့တဲ့ အနမ်းလေး တစ်ပွင့်ကြောင့် ရှက်သွေးဖြာနေတဲ့ နားရွက်နီနီလေးကို ခိုးကြည့်ခွင့်ရနေပြီပေါ့... လဲကျမှာစိုးလို့ တွဲချီထားတဲ့ ခါးအသွယ်က တစ်ဖက်ကတော့ အသားယူတာ မဟုတ်ပါဘူးနော်! စိတ်မချလို့ပါ....

Mean: Plan ဆေးသောက်ပြီး နားလိုက်တော့နော်! နောက်စားချင်တာရှိရင် ကိုယ့်ကိုပြော... လုပ်ချင်တာ တစ်ခုခုရှိလည်း ကိုယ့်ကိုပြောနော်!

Plan: အင်းပါ သိပါတယ်! ကလေးမှ မဟုတ်တာ!! ဆေးသောက်ပြီးအိပ်တော့မယ်...

Mean: အင်း ဒါဆိုကိုယ် သွားလိုက်ဦးမယ်!

Plan: ဘယ်သွားမလို့လဲ??

Mean လှည့်ထွက်မည်အပြုမှာ ကလေးများလို အင်္ကျီမနားစလေးဆွဲကာ မျက်လုံးပြူးလေးနဲ့ မေးလိုက်သော Plan ကြောင့် Mean သွေးများပြောင်းပြန်စီးသွားသလိုပင်...

ေၾကးမံုရိပ္ က သူ / ကြေးမုံရိပ်ကသူ ( Mirror Boy)CompletedWhere stories live. Discover now