ZAWGYI VERSION
Plan's POV
P' Pond နဲ့ P' Chaarm ကြောင့် တာဝန်ကြီး တခုထမ်းထားရသလို စိတ်တို့ ဂဏာမငြိမ် နာမည်လှလှလေးကိုသာ ရရေး အလေးပေးစဉ်းစားနေမိသည်.
Mean: Plan လက်ကြီးကိုက်နေတာတော်တော့
Plan လည်း ကားမောင်းနေတဲ့ Mean အော်ပြီး သတိပေးလိုက်တော့မှ သတိပြန်ဝင်လာသည်..
ဆေးရုံကအပြန် ကားပေါ်မှာ အတွေးနယ်ချဲ့နေလိုက်တာ လက်ကိုက်လိုက် လက်သည်းကိုက်လိုက် စိတ်လှုပ်ရှားစွာနဲ့.... P ပြောမှ သိတော့သည်.
Plan: P!! P ဆိုရင်ရော ဘာနာမည်လေးကြိုက်တုန်း??
Mean: ကိုယ်က နေကြာပန်းဆိုတဲ့ နာမည်လေးကို ကြိုက်တာ.. ကိုယ်ကြိုက်တဲ့ ပန်းလေးမို့လည်းဖြစ်မယ်.
Plan: P ကလည်း ယောင်္ကျားလေးနဲ့ကျ အာ့နာမည်က အဆင်မပြေဘူး.
Mean မီးပွိုင့်မိနေတုန်း Plan ဘက်လှည့်ကာ ကြည့်လိုက်သည်... Plan ကတော့ အပြင်ကို ငေးရင်း အကြံပေါ်ဖို့ အရေး ကြိုးစားတုန်း...
Mean: Plan!
Mean ခေါ်မှ ဒီဘက်လှည့်လာကာ မေးငေါ့ပြသည်...
Mean: ပန်းလေးတွေလှဖို့ ရှင်သန်ဖို့ နေရောင်လိုတယ်လေ... သူ့ကိုလည်း နေလိုပဲ အများတကာရှင်သန်ဖို့ အားပေးနိုင်တဲ့ သူလို Raphi လို့ပေးရင်ရော? ☀️ ပေါ့!
တခြားအဓိပ္ပာယ် beautiful လည်းရတယ်!Plan မျက်နှာလေးခုမှ ရွှင်လန်းလာကာ...
Plan: ဟုတ်တယ်!! အာ့နာမည်လေးလှတယ်.. သူ့ကို သန်မာ ရင့်ကျက်တယ်ဆိုတဲ့ အဓိပ္ပာယ်လေးပါပါအောင် Kae လို့ ထည့်မယ်! Kae Raphi Hojavl!! Nickname က Sun လို့ပေးလို့ရတယ်!
Mean ပြုံးလိုက်ကာ....
Mean: အင်း... မဆိုးဘူး!! လှတယ်!
Plan: ရေး!!!! P ကတော်လိုက်တာ!!!
Plan အပျော်လွန်ကာ Mean ကို လှမ်းဖက်လိုက်လေသည်...
Mean လည်း ရုတ်တရက်မို့ ကြောင်သွားသော်လည်း အပျော်လွန်နေသော အကောင်ပေါက်ကြောင့် ရောယောင်ပျော်ကာ ကျောလေးကို သာသာပုတ်ပေးရင်း အသိအမှတ်ပြုနေမိသည်.....
"ပွမ် ပွမ် ပွမ်"!!!!!!
ဟွန်းသံ အကျယ်ကြီးကြားမှ.... ဟုတ်သား!

BẠN ĐANG ĐỌC
ကြေးမုံရိပ် က သူ / ကွေးမုံရိပျကသူ ( Mirror Boy)Completed
FanfictionThis fanfiction is my own creation and all rights reserved to me! မဖြစ်မနေ စတင်ခဲ့ရတဲ့ အိမ်ထောင်တစ်ခု ပြိုလဲခဲ့ဖို့ ရည်ရွယ်သူနဲ့ အမှတ်မထင် ထိန်းသိမ်းခဲ့သူ! ပျော်ရွှင်မှုဆိုတာ ကြေးမုံပေါ်ကလို ရောင်ပြန်ဟပ်အောင် သူတစ်ယောက်ကတော့ စွမ်းဆောင်နိုင်ခဲ့သလား? M...