Chapter 33

676 102 22
                                    

ZAWGYI VERSION

Mean's POV

ပြန်ရောက်တည်း က မီးပင် မဖွင့်နိုင်ပဲ ဆိုဖာပေါ်လှဲရင်း စဉ်းစားနေမိသည်.

ဒီလို တစ်ယောက်ကို တစ်ယောက်ဖုံးကွယ်ထားပြီး အပျော်ရှာနေရသလို သူတို့ ပုံစံက ဖြစ်နေပြီလား?

ကိုယ်တိုင်ကလဲ အရင်ကတော့ ငယ်ချစ်ကို ပြန်ရှာတွေ့ရင် သူ့ကို ပြောမယ်ပြောခဲ့ဖူးသည်. ခုတော့ ဘာလို့များ လျို့ဝှက်ထားနေမိပါလိမ့်...

အဖြေမထွက်လာပဲ မေးခွန်းများစွာသာ ထပ်မံထွက်ပေါ်လာသော အခြေအနေတွင် ထင်းထင်းကြီး ထွက်ပေါ်လာသော ဦးနှောက်ထဲက အသံက ကွာရှင်းလိုက်ရင် အကောင်းဆုံးပဲမလား?

အာ့ဆို ကိုယ့်လမ်း ကိုယ်လျှောက်ကြမယ်လေ... ကိုယ်ချစ်တဲ့ သူနဲ့...

ကိုယ်ချစ်တဲ့ သူနဲ့??? ခုတာ့ Bas ဆိုတဲ့ အတွေးမှာတောင် မပျော်နိုင်တော့သလို စိတ်တို့က Plan သာဆို Aom နဲ့ ပိုပျော်မှာလား ဆိုတဲ့ မချိတင်ကဲ သိလိုစိတ်တို့ ကပဲ နှိပ်စက်နေသည်...

၂ ဖက်မိဘများကတော့ အမှန်အကန် အတိုက်အခံ လုပ်ကြမှာမည်သိသော်လည်း သူတို့စီမံအတိုင်းလုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်းသာ ပြစ်တင်ဝေဖန်ရတော့မည်...

Plan ရောက်လာတော့လဲ စိတ်မဆုံးဖြတ်ရသေးပေမယ့် ကွဲဖို့သာတွင်တွင်ပြောနေမိသည်...

Plan: မကွာနိုင်ပါဘူး.... P ပဲ အနည်းဆုံး ၁ နှစ်လောက်တော့ သရုပ်ဆောင်နေပေးမယ်ဆို. ခုမှ ၆ လပဲရှိသေးတယ်လေ.

Mean: ၁ နှစ်တွေ ၆ လ တွေက ဘာထူးသွားမှာလဲ?

Plan: P မသိလို့ပြောနေတာလား? မိဘတွေ အမြင်မှာတော့ အကောင်းဆုံးနေပြရမှာပဲလေ...နောက်မှ အဆင်မပြေဘူးဆိုတော့လဲ သူတို့နားလည်အောင်ရှင်းပြရမှာပေါ့.

Mean: ခုပဲ ရှင်းပြလိုက်တော့မယ်. မနေနိုင်တော့ဘူးလို့

Plan: ဘာ့အတွက် မနေနိုင်ရတာလဲ? P ငယ်ချစ်ပြန်ရောက်လာလို့လား?!!

Plan အော်လိုက်သည်က Mean နှလုံးသားထိပင် ဒိုင်းကနဲ. သူဘယ်လိုလုပ်ပြီး သိနေပါလိမ့်.

Mean: မင်း?

Plan: ဟုတ်တယ်မလား? အာ့ကြောင့် ခုတလော ကျွန်တော့ ကို အပြစ်တွေရှာနေတာမလား?

ကြေးမုံရိပ် က သူ / ကြေးမုံရိပ်ကသူ ( Mirror Boy)CompletedHikayelerin yaşadığı yer. Şimdi keşfedin