Chapter 44

531 64 6
                                    

Unicode Version

Mean's POV

ခြေလှမ်းများက ဆေးရုံစင်္ကြန် တလျှောက်ပြေးလှ မတတ် မိနစ်ပိုင်း အနည်းငယ်မျှက ကမ္ဘာကြီးကို ဇောက်ထိုးလှန်စေသလို.... ကိုယ့်ကမ္ဘာကြီးက မင်းပါလို့ မပြောလိုက်ရသေးခင်...

Nurse : Plan ဆိုတဲ့ လူနာရဲ့ လူနာရှင်လား?

Mean: ဟုတ်ပါတယ်.
Nurse : ခွဲခန်းဝင်နေတုန်းမို့ စောင့်ပေးပါ.
Mean: အခြေအနေ ဘယ်လိုတုန်းဟင်...
Nurse: ထိခိုက်ဒဏ်ရာတော့ များတယ်. သွေးထွက်လည်းများနေတယ်.. ခေါင်းကို ထိသွားလို့ ခွဲနေပါတယ်... ကျွန်မတို့ အတတ်နိုင်ဆုံးကြိုးစားနေပါတယ်.

Mean မတ်တ်ပင် မရပ်နိုင်တော့ဘဲ ဆေးရုံကြမ်းပြင်တွင်ထိုင်ချမိသည် အထိပင်....

နောက်က ပြေးလိုက်လာသော MarkGun PerthSaint တို့လည်း သူ့ရင်ထဲက အပူကို စာနာမိလောက်သောကြောင့် နှစ်သိမ့်ရင်း ပုခုံးကို သာ သာသာပုတ်ပေးပြီးနောက် ခွဲခန်းမှ အဖြေကို ငြိမ်သက်စွာစောင့်နေမိသည်...

၂ နာရီကြာပြီးနောက်

ခွဲခန်းတံခါးပွင့်လာတော့ Mean ဆရာဝန်ဆီ အပြေးသွားရင်း....

Mean: Plan အခြေအနေ ဘယ်လိုရှိလဲ ဆရာ?

Doc: အခြေအနေက ကံကောင်းတယ်ပြောရမယ်. ထိခိုက်ဒဏ်ရာများပေမယ့် မပြင်းထန်ပါဘူး. ဦးခေါင်းထိသွားလို့ နည်းနည်းတော့ ဂရုစိုက်ရပါမယ်... လောလောဆယ် သွေးသွင်းပြီး အခြေအနေ စောင့်ကြည့်ရပါမယ်.

Mean: ဟုတ် ဆရာ.. ဘယ်တော့ ပြန် သတိရလာမလဲ?

Doc : တစ်ရက် ၂ ရက်​တော့ ကြာနိုင်လို့ ဂရုစိုက်စောင့်ကြည့်ပေးပါ.

Mean: ဟုတ် ဟုတ်ကဲ့ ပါ ဆရာ.. ကျေးဇူး အများကြီးတင်ပါတယ်..

Mean ခုမှ သက်ပြင်းချနိုင်တော့သည်.. ချစ်ရသူ ဒီလို ခံစားရတာကို မသက်သာသော်လည်း သေကံ မရောက် အသက်မပျောက်သည်ကပင် ကျေးဇူးတင်ရသည်...

Mark: Mean မင်းထိုင်ပြီ နားလိုက်ပါဦးကွာ.. တောက်လျောက် မင်းထိုင်လိုက် ထလိုက် လမ်းလျောက်လိုက်နဲ့ စိတ်မငြိမ်ဖြစ်နေတာ.

Perth: အေး မင်း သေချာနားလိုက်ပါဦး... စိတ်ပူစရာမလိုတော့ဘူးဆိုတော့..

ေၾကးမံုရိပ္ က သူ / ကြေးမုံရိပ်ကသူ ( Mirror Boy)CompletedTempat cerita menjadi hidup. Temukan sekarang