Chapter 26

671 96 31
                                    

ZAWGYI VERSION

Mean's POV

Mean ခေါက်တုံ့ခေါက်ပြန်ရင်ခုန်စွာနှင့် ဟိုတယ်ရှေ့တွင် စောင့်နေမိသည်.

ဘဝမှာ အမြဲစိတ်ကူးယဉ်စောင့်မျှော်ခဲ့ရသော အခွင့်အရေးသည် ကြိုးစားမှုတို့ပင် မပါဝင်ခဲ့ပဲ လက်ထဲသို့လာထည့်ခြင်းခံလိုက်ရသည့်အတွက် ပျော်ရွှင်မှုတို့ကဖော်ပြမရ... ထိုဖော်ပြမရသောခံစားချက်တို့တွင် အမည်သိ ပြစ်မှုတို့ရောထွေးပါဝင်နေသည်ကိုလည်း Mean အမှန်တော့ ရိပ်စားမိပါသည်.

Bas: စောင့်ရတာကြာသွားလား?

Mean: မကြာဘူး.

Bas: တောင်းပန်ပါတယ်. အကူအညီတောင်းစရာဆိုလို့ Mean ပဲရှိလို့.

Mean: ရပါတယ်. သွားရအောင်.

Bas တွေ့စရာလူရှိသည်ပြီးတော့ နည်းနည်းဝေးဝေးသွားစရာရှိသည်ဆိုလို့ လိုက်ပို့ပေးခြင်းဖြစ်သည်. သူ့၏ ATM ကဒ်များလည်း အသုံးမပြုချင်သေး၍ ငွေသားအနည်းငယ်ချေးပေးရန်လည်း အသံသေးသေးလေးနဲ့ တောင်းဆိုမှု အပါအဝင်ပင်...

Bas ပြောထားသူနဲ့တွေ့ဆုံချိန်တွင် Mean သူတပါး ကိုယ်ရေးကိုယ်တာမပါဝင်လိုသောကြောင့် ရှောင်ပေးထားလိုက်သည်. ထိုသူဝတ်စားထားပုံ အရ ရှေ့နေနှင့်ဆင်တူပေသည်... Mean တစ်ကိုယ်တော်ထင်ကြေးပေးနေခိုက် Plan ဆီမှ စာဝင်လာတော့..

/Plan: ဒီနေ့နောက်ကျမှာလား?/

ထူးထူးဆန်းဆန်း... သူအာ့လိုမျိုး စာပို့လေ့မရှိ. ပို့မယ့်ပို့တော့လည်း အနာပေါ်တုတ်ကျသည့် ချိန်သားကိုက်ကွက်တိ...

/Mean: အင်း နောက်ကျမယ်. စောင့်မနေနဲ့/

Mean သက်ပြင်းချလိုက်မိသည်. စိမ်းကားမှုတွေသုံးထားသော ပြန်စာလေးတစ်ခုသည် တစ်ပါးသူကို မျက်ရည်ကျစေနိုင်သည်ကိုတော့ သိခဲ့မည်မဟုတ်...

Bas: ကျေးဇူးပါပဲ. နောက်တစ်နေရာပို့ပေးပြီးရင် ပီးပါပီ..

Mean: အင်း ဘယ်နေရာလဲ?

Bas: " ..."

Mean အနည်းငယ်အံ့အားသင့်မိသွားသည်. ညှိုးငယ်နေသော Bas မျက်နှာကြောင့် မေးခွန်းတို့ ထပ်မံမမေးမိသော်လည်း ခေါင်းထဲတွင်မေးခွန်းပေါင်းများစွာ အချိတ်အဆက်များနှင့်ပေါ်လာလေသည်.

ကြေးမုံရိပ် က သူ / ကြေးမုံရိပ်ကသူ ( Mirror Boy)CompletedTempat cerita menjadi hidup. Temukan sekarang