Chapter 17

851 98 19
                                    

ZAWGYI VERSION

Plan's POV

ဆိုင်ကို အစောကြီးမှ အစောကြီးထွက်လာမိတယ်! သေချာပြောရရင် ဟိုလူကြီးမနိုးခင်...

ပြင်စရာရှိတာပြင် စာလေးဘာလေးဖတ်ပေါ့. အကူလေးလာတော့လည်း သူ့အတွက်မနက်စာကို အိမ်ပြန်မလုပ်ပေးပဲ. အကူလေးကိုပဲ သွားပေးခိုင်းလိုက်တယ်. ညကကိစ္စနဲ့ ပတ်သတ်ပြီး တော်တော် စိတ်တိုမိတာကြောင့်.

နေ့လည်လောက်ကျတော့ Perth နဲ့ Aom တို့ လာလည်ကြတယ်.

Perth: မင်း Aomကို ကူညီမယ်လို့ သဘောတူလိုက်တယ်ဆို.

Plan: အေးလေ ဒီက မမကအတင်းတောင်းဆိုနေတာကို. မင်းကလည်းချွန်ပေးထားတာလေ!

Perth: ဟာ. ငါက မကူတတ်ဘူးလေ! မင်းကအတွေ့အကြုံရှိပြီးသားဆိုတော့.

Aom: အေးလေ. ငါတို့ထက်တော့ ဆရာကျတော့ ဆရာတင်ရတာပေါ့ နင်ကလည်း!

Plan: အေးအေး ဝိုင်းမြှောက်ကြ! ပေါက်ကရဖြစ်မှ နင့် ယောင်္ကျားငါ့ လုပ်လိမ့်မယ်.

Aom: အမလေး ဘာလုပ်မှာတုန်း?

Perth: အေးလေ မင်းဟာကြီးကလဲ!

Plan: အော် ဟို အမြင်ကပ်ခံရမယ်ပြောတာပါ! ကံဆိုးရင် ရိုက်ပေါက်လေ.

Perth: အာ့လို ပြောစမ်းပါ! မဟုတ်ရင် P Mean နဲ့ တွေ့ကုန်မယ်! ဟ ဟ!

Plan: သူ့များအရေးလုပ်လို့...

Aom: ဟဲ့ ဒါနဲ့ ငါ့ကို ပြောပါဦး နင့်အမျိုးသားက တော်တော်ချောတာ. ဘယ်လိုတွေ့ကျတာတုန်း.

Plan နဲ့ Perth အချင်းချင်းပြိုင်တူ ကြည့်မိကြသည်. ဤဇာတ်လမ်းရှည်ကြီးအား မိမိတို့ ငယ်သူငယ်ချင်းအား ဖောက်သယ်ချရန် လိုလာသောကြောင့် စားရင်းသောက်ရင်း စကားဝိုင်းကြီးကရှည်ကြာသွားသည်. Plan ကလည်း ညကကိစ္စကိုပါ ပြောပြလိုက်သေးသည်.

Aom: ဟဲ့ ဒါဆို ငါတို့ကိုအထင်လွဲနေတာပဲ. ငါလိုက်ရှင်းပြပေးမယ်လေ.

Plan: သူပြောတိုင်း ငါတို့ကရှင်းပြနေရမှာလား ဟုတ်မှမဟုတ်တဲ့ဟာ..

Perth: ငါကတော့ တခြားဘက်ကမြင်တယ်. သူအရေးစိုက်လို့ အာ့လို ပြဿနာရှာတာလေ!

ကြေးမုံရိပ် က သူ / ကြေးမုံရိပ်ကသူ ( Mirror Boy)CompletedWhere stories live. Discover now