Unicode Version
Interval....
Bas ပြန်ထွက်အလာတွင်...
"Bas!!!"
Bas: ဟာ P Bean!!!
Bean: မတွေ့တာကြာပီနော် Nong! Nong ပျောက်သွားယ်လို့ သတင်းကြားထားတာ..Bas: အာ... ဒီလိုပဲ. ကိုယ်နဲ့ သင့်တဲ့ နေရာမှာနေဖို့လေ. P Bean ကရော ဒီပြန်ရောက်နေတာလား?
Bean: အင်း! ဒီနေ့ ကိုယ့်မင်္ဂလာဆောင်လေ!
Bas: ဗျာ? ဒါဆို Aom ဆိုတာ က အကို့ ဇနီးပေါ့!
Bean: ဟာ! Bas က သူ့ကို သိတယ်လား?
Bas: အော်... ရေစက်တွေနော်.. ကျွန်တော့ အသိ သူငယ်ချင်းမို့ပါ!
Bean : ရေစက်လို့ပြောမှ.. ကိုယ်ကြားရတဲ့ သတင်းအရ Bas လည်း ကိုယ့်ရေစက်ကို ဖြတ်မရလောက်ဘူး!
Bas: ဗျာ.. ဘာလို့..
Bean: အော် Bas စိတ်ကောက်နေသူက ဒီပွဲ တက်မှာ မို့လေ... ပြီးတော့ သူ မဖောက်ပြန်တာ ကိုယ်တို့ တစ်ဖွဲ့ လုံး အသိ. မင်းကို ရှာနေတာ သူ့ခမျာ အရူးမီးဝိုင်းပဲ... ဟော ပြောရင်းဆိုရင်း ဟိုမှာ...
အရပ်ကြီးမိုးထိုးမတက်နဲ့ စတိုင်ကျစွာလျှောက်လာသူ... သူ့မြင်တော့ အရင်အတိုင်း ခွင့်လွှတ်သော မျက်ဝန်းများနှင့် ပြုံးကာကြည့်ရင်း...
အမြဲတစေဆိုးလေ့ရှိသော Bas ကပင် သူ့ချစ်လင်ကို ဦးကြို ခေါ်ဆိုမိရင်း...
"P God!"
.........................................
Plan's POV
ရင်ခုန်စွာနဲ့ ပဲ ခန်းမဆီကို ပြန်လျှောက်လာမိသည်. မတွေ့တဲ့ ၁ ပတ်လောက်မှာ သူ ပိန်သွားတာလား ပိုချောလာတာလား?? အို... အခုမှ အချစ်တွေ့တဲ့ အပျိုဖြန်းလေးလို အတွေးတို့က တောင်ရောက် မြောက်ရောက်နဲ့ မျက်နှာပိုးက သတ်မရ...
Perth: ဟဲ့! တိုင်နဲ့ ခေါင်းနဲ့ လဲ ဝင်စောင့်လို့ လင်ပြန်မရဖြစ်နေမယ်!!
Plan: ဟေ့ကောင် မင်းက ဘာလိို့ ဒီရောက်နေတာလဲ?Perth: မင်း စိတ်မချလို့ လိုက်လာတာ မျက်နှာကြည့်ပုံရတော့ မလိုတော့ပါဘူး!
Plan: အဆင်ပြေပါတယ်ကွာ! စိတ်မပူပါနဲ့တော့!
Perth: အေးပါ မပူတော့ပါဘူး! ပြေတာထက်တောင်လွန်နေပုံကို...Plan: သွားပါ!!! ပွဲနောက်ကျလိမ့်မယ်....
Aom ပွဲလေးသည် ခမ်းနားစွာ.. သူ ချစ်သော သူငယ် ချင်းများက သူတို့ ချစ်သူများနှင့် စုံစုံလင်လင်...
![](https://img.wattpad.com/cover/187253389-288-k481142.jpg)
VOUS LISEZ
ကြေးမုံရိပ် က သူ / ကွေးမုံရိပျကသူ ( Mirror Boy)Completed
FanfictionThis fanfiction is my own creation and all rights reserved to me! မဖြစ်မနေ စတင်ခဲ့ရတဲ့ အိမ်ထောင်တစ်ခု ပြိုလဲခဲ့ဖို့ ရည်ရွယ်သူနဲ့ အမှတ်မထင် ထိန်းသိမ်းခဲ့သူ! ပျော်ရွှင်မှုဆိုတာ ကြေးမုံပေါ်ကလို ရောင်ပြန်ဟပ်အောင် သူတစ်ယောက်ကတော့ စွမ်းဆောင်နိုင်ခဲ့သလား? M...