Chapter 50

776 72 11
                                    

Unicode Version

၁ လ ကြာသော်

Plan's POV

Plan ခုဆို နေကောင်းနေပြီမို့ ဆိုင်တောင်ပြန်သွားနေပြီ!

သက်သာမြန်တာကတော့ တစ်ယောက်သောသူ အပြုစုကောင်းတာလည်းပါပေမည်!

Plan ဒဏ်ရာက သက်သာနေပြီဖြစ်၍ အိမ်ကိစ္စများ ကိုယ်တိုင်လုပ်မည်ဆိုသည်ကို ပင်မရ... Mean က အားလုံး သူလုပ်ပေးချင်သည်. ဟိုဟာလည်း မကိုင်ရ ဒီလည်း မသွားရနဲ့ ဟင်းလာပို့သော အမေများပင် မျက်စိနောက်ရအောင် ဂရုစိုက်ကြပေသည်. သူငယ်ချင်းများကတော့ မျက်စိစူးလို့ မွှန်အောင် ဆဲကြသည်က ပြောစရာပင်မလို.

အလွန်အကဲပိုသော Mean ကြောင့် Plan ခမျာ မြန်မြန်နေကောင်းအောင်နေပြီး ဆိုင်သွားမှ ပင် သက်သာပေမည်! တော်ကြာနေကောင်းပါရဲ့ သူ့ဂရုစိုက်မှုတွေကြား မှားယွင်းသော မျှော်လင့်ချက်များနဲ့ အတူ နှလုံးရောဂါထပ်မတိုးလာချင်ပေ..

Perth: Plan ရယ် နောက် ၁ လလောက် ထပ်နားလိုက်တာမဟုတ်ဘူး! မီးဖိုချောင်ဆိုတာ ညှော်နံ့တွေ ဘာတွေနဲ့ကို

Gun: အေးလေ.. မင်းဆိုင်သွားပြီဆိုတော့ ငါတို့မှာ ဒီပြေးလိုက်လာရတာ! အဆင်ရောပြေပါ့မလားစိတ်ပူပြီး

Plan: သက်သာနေပါပြီကွ! အာ့လောက်လဲ မဟုတ်ပါဘူး!

Perth: P Mean ဆီက မြန်မြန်ထွက်ပြေးလာတာမလား?

Plan သက်ပြင်းချရင်း
Plan: အင်းလေ. သူ့ကြောင့်ဆိုတဲ့ အပြစ်တင်မှုနဲ့ ငါ့ကို ဂရုစိုက်နေတာ မလိုချင်ဘူး! ငါတို့ ပြီးပြီးသားကိစ္စမှာ သူက အကြွေးဆပ်နေရတဲ့ ဘဝကို ငါမကြိုက်ဘူး

Gun: နေပါဦး ဘယ်သူက မင်းကို အကြွေးဆပ်တယ်လို့ပြောလို့လဲ?

Perth: အေးလေ.. မင်းဘယ်လို အက်ဆီးဒင့် ဖြစ်ရလဲ... သူအားလုံး ဘယ်လို သိသွားတာလဲ ငါတို့လည်း သိပါတယ်! ဒါပေမယ့် အခြေအနေကတော့ မင်းထင်သလို မဟုတ်ပါဘူးကွာ!

Gun: အေးလေ.. မင်းကသာ အာ့စိတ်နဲ့ ကြည့်နေမိလို့သာပါ... သူဒီလို စိတ်နဲ့ မင်းကို ပြုစုနိုင်မလား? မင်းကို အရိပ်တကြည့်ကြည့်နဲ့ နေကတည်းက သာမန်စိတ်နဲ့ ဖြစ်နိုင်မလား?

ေၾကးမံုရိပ္ က သူ / ကြေးမုံရိပ်ကသူ ( Mirror Boy)CompletedNơi câu chuyện tồn tại. Hãy khám phá bây giờ