Chapter 10

846 105 20
                                    

ZAWGYI VERSION

Mean' s POV

ကျွန်တော် သူ့ရဲ့ ရေချိုးခန်းထဲက ထွက်လာပြီးကတည်းက ထိုင်ရမလို ထရမလိုဘာလုပ်ရမှန်းမသိ ဂနာမငြိမ်တာလေးကို မြင်ပြီး အရမ်းကို စချင်နေမိသည်!
ဒါပေမယ့် သူ့ကို ဟန်းနီးမွန်း မခေါ်သွားပေးနိုင်လို့ အပြစ်လုပ်ထားသလို ခံစားရသည်! ကျွန်တော်မအားလွန်းလို့ မသွားနိုင်သည့် အကြောင်း သူကိုယ်တိုင်နားလည်ပေးသည့်အပြင် မိဘတွေကိုလည်း ကူပြောပေးထားသည့် အတွက် ကျေးဇူးကြွေးလည်းတင်နေသေးသည်.

Mean: ဟန်းနီးမွန်း မသွားရလို့  စိတ်ဆိုးလား?

Plan:  အော် ဟင့်အင်းမဆိုးပါဘူး ! လိုမှမလိုတာ!

Mean : ကိုယ်မသွားနိုင်တဲ့ အကြောင်း နားလည်ပေးပြီး မိဘတွေကိုလည်းကူပြောပေးလို့ ကျေးဇူးပါ.

Plan: မလိုပါဘူး . ဟန်နီးမွန်းဆိုတာ မလိုအပ်ဘူးလေ! တကယ့် ဇနီးမောင်နှံတွေလို ဟန်ဆောင်လုပ်ပြနေစရာမှ မရှိတာ.

ကျွန်တော် သူ့ကို စိတ်အနှောင့်အယှက်တွေအများကြီးပေးတုန်းက ကျွန်တော့ စိတ်အပြောင်းအလဲအမျိုးမျိုးကို သူအတတ်နိုင်ဆုံး သည်းခံပေးခဲ့တယ် . အနည်းဆုံး ကျွန်တော်တို့ အချင်းချင်း မချစ်ကြတာတောင်မှ အတွဲတွေမှ မဟုတ်တာလို့ ပြောလို့ မရတဲ့ ဆက်ဆံရေးလေ! ကျွန်တော်က သူ့ကိုကျွန်တော် စိတ်ထားကောင်းကြောင်းလေးပြဖို့ ဟန်နီးမွန်းလေးတော့ ကောင်းကောင်းခေါ်သွားချင်ခဲ့တာ.

Mean: အော် တကယ့် ဇနီးမောင်နှံတွေလို ဟန်ပြမနေချင်ဘူးဆိုပေမယ့်လည်း ကိုယ်က တကယ့် လင်မယားတွေလို နေပြချင်တာ !!!

တကယ်တော့ သူအာ့လိုပြောခဲ့တာတွေက ဒေါသဖြစ်စေပါတယ် . ဘာလို့ဒေါသထွက်လာလဲ မသိပေမယ့် သူ့ကို ပိုပြီး စိတ်အနှောင့်အယှက်ဖြစ်အောင် အားကုန်သုံးလိုက်သော်လည်း....

"plan!!!"

ဟုတ်ပါတယ်! သူငိုနေတာပါ. သူ့မျက်နှာသေးသေးလေးက နီရဲနေပြီး ရှိုက်သံလေးတွေ ကြားနေရတယ်. အပြစ်လုပ်မိလိုက်ပြန်ပီဆိုတဲ့ အတွေးက တစ်ကိုယ်လုံးပြန့်နှံ့သွားတယ်.

ကြေးမုံရိပ် က သူ / ကြေးမုံရိပ်ကသူ ( Mirror Boy)CompletedWhere stories live. Discover now