Mean's POV
စိတ်လိုလက်ရနဲ့ပင် Mark အခန်းကို ဒုန်းဆိုင်းဝင်သွားမိသည်... နောက်က လှမ်းတားနေတဲ့ အတွင်းရေးမှူးအသံလေးကတော့ မမှီလိုက်တော့...
Mark: Mean?
သူ့မန်နေဂျာတစ်ယောက်နဲ့ အလုပ်စကားပြောနေဟန်ရတဲ့ Mark တစ်ယောက် ရုတ်တရက် တံခါးဖွင့်လာသောကြောင့် အံ့သြကြောင်တတ် ဖြစ်နေပုံ...
Mean: ငါ အရေးကြီးပြောစရာရှိတယ်.
အခြေနေကို သဘောပေါက်ဟန် ရှိသောကြောင့် Mark သူ့မန်နေဂျာကိုပြန်လွှတ်လိုက်လေသည်.
Mean : ငါ သိပြီးပြီ. ဒါပေမယ့် မရှင်းတာတွေ အများကြီးပဲ.မင်းက စပြီးဖြေရှင်းမလို့.
Mark: ငါ က ဘယ်အပိုင်းကို ရှင်းပြရမှာလဲ?
Mean: မင်း နဲ့ ပတ်သတ်သမျှ မင်းသိသမျှ.
Mark: ငါ သိသမျှ ဆိုရင်တော့ အစ အဆုံးပဲ. ငါ မသိတာကတော့ မင်းပဲ.
Mean: မင်း ဘာကို ဆိုလိုတာလဲ.
Mark: မင်း စိတ်ကို ငါမသိဘူး.
Mean: ဘာဆိုင်လို့လဲ?
Mark: ဆိုင်တယ်.
Mean: ဟုတ်ပြီ. မင်းငါ့ကို ရှင်းပြသင့်သလောက်ရှင်းပြ. အာ့ဆို ငါ့စိတ်ကို မင်းကို ပြောပြမယ်.
Mark: ဘယ်က စပြောစေချင်လဲ?
Mean: Aom ကိစ္စ.
Mark: Aom က ပြောလိုက်လို့ကိုး.. အင်းလေ. သူလဲ မင်္ဂလာဆောင်တော့မှာဆိုတော့. သူနဲ့ အထင်လွဲအောင် ငါ လုပ်ခိုင်းတာ.
Mean: မင်း ဘာလို့ အာ့လိုလုပ်ခိုင်းရတာလဲ?
Mark: Mean ငါ သိတဲ့ မင်းက ကိုယ်ပိုင်တာ သူများယူတာ မကြိုက်လို့. နောက်တစ်ချက်က မင်း သဝန်တိုအောင်လို့.... အေး. အာ့မှာ ငါ မသိခဲ့တာက Bas က ချိန်သားကိုက် ပြန်ရောက်လာမယ်ဆိုတာကိုပဲ. ပြီးတော့ လူလွတ် အနေနဲ့လေ.
Mean: မင်းက ဘာလို့ ငါ့ ကိစ္စတွေမှာ ဝင်ပါတာတုန်း? မင်း ဝင်နှောက်လို့ ဒါတွေ ဖြစ်ကုန်တာလေ.
Mark: အေး. ငါဝင်နှောက်တယ်ဆိုတာ ငါက မင်း သူငယ်ချင်းမို့. ပြီးတော့ မင်းကို ကောင်းစေချင်လို့. ပြီးတော့ Plan ကို သနားလို့.
![](https://img.wattpad.com/cover/187253389-288-k481142.jpg)
ESTÁS LEYENDO
ကြေးမုံရိပ် က သူ / ကွေးမုံရိပျကသူ ( Mirror Boy)Completed
FanficThis fanfiction is my own creation and all rights reserved to me! မဖြစ်မနေ စတင်ခဲ့ရတဲ့ အိမ်ထောင်တစ်ခု ပြိုလဲခဲ့ဖို့ ရည်ရွယ်သူနဲ့ အမှတ်မထင် ထိန်းသိမ်းခဲ့သူ! ပျော်ရွှင်မှုဆိုတာ ကြေးမုံပေါ်ကလို ရောင်ပြန်ဟပ်အောင် သူတစ်ယောက်ကတော့ စွမ်းဆောင်နိုင်ခဲ့သလား? M...