Chapter 25

679 88 13
                                    

ZAWGYI VERSION

Mean's POV

Mark: အစ က ငါပြောတောင် မပြောမလို့ဘဲ ဒါပေမယ့် မတော်တဆတွေ့ခဲ့ရင် ဆိုတဲ့ အသိနဲ့ကြိုတားဖို့ ထုတ်ပြောတာ. မင်းနဲ့ဘယ်လိုတွေ့ခဲ့တာတုန်း.

Mean ဖြစ်ခဲ့သမျှကိုပြောပြတော့ Mark သက်ပြင်းရှည်ကြီးချရင်း...

Mark: ဆုံမယ့် ဆုံတော့လည်း..

Mean: မင်းကရော သူပြန်ရောက်တာဘယ်လိုသိနေတာတုန်း?

Mark: ငါ က immigration ကို နေ့တိုင်းစစ်ခိုင်းထားတာ! နှစ်ပေါင်းများစွာပဲ!

Mean: ငါ့အတွက်ကြိုးစားပေးတယ်ပေါ့!

Mark: အေး. အရင်ကတော့ မင်းအတွက်ပဲ. ခုတော့ Plan အတွက်. မင်းစိတ်အပြောင်းအလဲကြောင့် သူ့ကို မခံစားစေချင်လို့ ငါကြိုကာကွယ်နေတာ.

Mean: Plan ကဘာဆိုင်လို့လဲ!

Mark.: ဆိုင်တာပေါ့. မင်းနဲ့ အကြီးကြီးဆိုင်နေသူမို့ မင်း ငယ်ချစ်ဆီစိတ်ပြန်လည်သွားမှာ ငါရော Saint ရော မလိုလားဘူး.

Mean: မင်းဆုံးဖြတ်ပေးရမယ့် ကိစ္စမှ မဟုတ်တာ..

Mark: Mean ! ကိုယ့်လမ်းကိုယ်လျှောက်သင့်ပြီ!

Mean: မင်းငါ့ကို ဒါပြောချင်တာမလား. ဒါနဲ့ သူပြန်လာတာ သတင်းမဖွနဲ့ဦး သူက ဘယ်သူ့မှ ပေးမသိစေချင်ဘူးတဲ့.

Mark: အာ့တာမျိုးကျ အလိုက်တသိနားလည်ပေးနေတာလား? Plan ကိုတော့ နည်းနည်းလေးတောင် အားမနာတတ်ဘူးလား?

Mean: သူလည်း ဖောက်ပြန်နေတာပဲလေ.

Mark: ဘာ??? မင်းဘာစကားပြောလိုက်တယ်..

Mean: တော်ပြီ. ငါသွားစရာရှိလို့. နောက်မှတွေ့မယ်...

Mark: ဟေ့ကောင် နေဦး!

Mean ထထွက်ခဲ့သည်မှာ Mark ပြောနေတာတွေကို မကြားချင်တော့သောကြောင့် . ခေါ်နေသည်ကို ပင် လှည့်မကြည့်မိတော့ ...

Mean ကားပေါ်ရောက်တော့ စဉ်းစားမိသည်.. ခုဘယ်လိုအခြေအနေတွေ ဖြစ်နေလည်းဆိုတာပင် မသိတော့ချေ...

ရုတ်တရက် ဖုန်းဝင်လာသည်က...

Mean : hello!

Bas: Mean လား? Bas ပါ!

ကြေးမုံရိပ် က သူ / ကြေးမုံရိပ်ကသူ ( Mirror Boy)CompletedDonde viven las historias. Descúbrelo ahora