Part-1

4K 239 17
                                    

*Never get too attached to anyone unless they also feel towards you ,because one sided expectation can mentally destory you .*

အိမ်​ထဲထိမဝင်​ရ​သေး​ပေမယ့်​ မီးဖို​ချောင်​ထဲကရယ်​သံ​တေံက ခြံထဲထိပင်​လွင့်​ပျံလို့ ။

Kris hyung ရဲ့မ​ဟေသီ ဒီ​နေ့အိမ်​တွင်​ထမင်းလာစားမည်​ ​စော​စောပြန်​ခဲ့ဟု ​မေ​မေက​ပြောသဖြင့်​ ​တမင်​​နောက်​ကျမှ အိမ်​ကိုပြန်​​သော်​လဲ အဲ့ဒီ့အစ်​မကပြန်​​သေးပုံမရ ။

ခြံဝမှာပင်​ ​ခြေလှမ်း​တွေကတုံ့ဆိုင်းကုန်​သည်​ ။
အိမ်​ထဲထိဝင်​လိုက်​ရမလား ဒါမှမဟုတ်​အပြင်​ပြန်​ထွက်​သွားရမလားဆို​သော အ​တွေး​တွေနှင့်​ ။

"Chanyeol ပြန်​​ရောက်​​နေပြီလား သွားသွားအိမ်​ထဲမှာ chanyeolကြိုက်​တဲ့ ကြက်​ဥ​ပေါင်းကိုရှယ်​လုပ်​ထား​ပေးတယ်​ ထမင်း​လေးခူးစားလိုက်​​နော်​ အန်​တီအမှိုက်​သွားပစ်​လိုက်​ဦးမယ်​ "

အ​တွေးမှမဆုံး​သေး အိမ်​တွင်​အလုပ်​လုပ်​​သောအ​ဒေါ်ကြီးက အမှိုက်​ထုတ်​ကိုင်​ဆွဲကာ အိမ်​ပြင်​ထွက်​လာတာမို့ သူ့ကိုမြင်​​တွေ့သွားကာ ထမင်းစားဖို့ကိုတိုက်​တွန်း​နေ​လေသည်​ ။

ဗိုက်​ဆာ​နေ​သော်​လဲ အိမ်​ထဲမဝင်​ချင်​​သေးတာမို့

"ကျွန်​​တော်​မဆာ​သေးလို့ အမှိုက်​သွားပစ်​​ပေးမယ်​​လေ ​ပေးကျွန်​​တော့ကို "

"Aigoo Chanyeol​လေးကို အန်​တီကမခိုင်းရက်​ပါဘူး​နော်​ ...ဆရာက​တော်​​ရေ Chanyeolပြန်​​ရောက်​​နေပြီ ကျွန်​မအမှိုက်​သွားပစ်​မှာမို့ Chanyeol​လေးကိုထမင်းခူး​ကျွေးလိုက်​ပါဦး "

သောက်​ဂွဘဲ အိမ်​ထဲမဝင်​ချင်​လို့ တမင်​​ရှောင်​ထွက်​မလို့ပါဆိုမှ အိမ်​ကအ​ဒေါ်ကြီးက သူ့ကိုလဲ​ပြောရင်း​မေ့​မေ့ကိုပါလှမ်း​အော်​လိုက်​တာမို့ ​မေ​မေက တံခါးဝထိပါ​ရောက်​လာ​လေသည်​ ။

"​နောက်​ကျလိုက်​တာ သားရယ်​ မမက သားကို​စောင့်​​နေတာ သားအစ်​ကိုကမိတ်​ဆက်​​ပေးချင်​တယ်​ဆိုလို့ "

ကျောတွင်​လွယ်​ထား​သော​ကျောပိုးအိတ်​ကို​မေ​မေကဆွဲယူသွားကာ ဦးထုပ်​​ဆောင်းထားတာကိုပါချွတ်​ချင်​​နေတာမို့ အရပ်​ရှည်​ရှည်​ သူက ဒူးအသာအယာ​ကွေး​ပေးရသည်​ ၊၊ ​မေ​မေကဦးထုပ်​​ဆောင်းထားသဖြင့်​ ပိကပ်​​နေ​သောသူ့ဆံပင်​​တွေကြားလက်​ဖြင့်​အသာအယာဖွ​ပေးရင်း hyung နဲ့ သူ့မ​ဟေသီတို့ လိုက်​ဖက်​ညီညီ အတွဲကျကျ ထိုင်​​နေ​သော လက်​ဖက်​ရည်​ ဝိုင်းထဲ တွန်းလွှတ်​သည်​ ။

November RainWhere stories live. Discover now