Part-10

1.7K 216 31
                                    

* Although it hurt , you are my favourite pain *

" Chanyeol မင်းကို သူ​ဋ္ဌေး​ခေါ်​နေတယ်​ "

"ကျွန်​​တော့ကို ဘာလို့လဲ ..."

လာ​ခေါ်သည့်​ ဂျယ်​ယူစီနီယာက ပုခုံးတစ်​ဖက်​တွန့်​ပြသည်​။ မသိဘူးဆိုသည့်​သ​ဘော ။

ဂျယ်​ယူစီနီယာ ကိုလဲ​တောင်းပန်​လိုက်​ရတာ အာ​ပေါက်​မတက်​ ။ စိတ်​ထဲမထားတက်​တဲ့လူမို့လို့သာ အထိုးခံရခြင်းကိစ္စကို ​ဗွေမယူခြင်းဖြစ်​လိမ့်​မည်​ ။ အားနာ​နေတာမို့ ဂျယ်​ယူ စီနီယာကိုပင်​ ​စေ့​စေ့​တောင်​မကြည့်​ရဲ။ သို့​သော်​ စီနီယာက​တော့ အခင်​အမင်​မပျက်​ အပြုံးမပျက်​ သူ့ကို ​ခေါ်​ခေါ်​ပြော​ပြောရှိ၍သာ​တော်​​တော့သည်​ ။

သူ့လို အလုပ်​ဝင်​ခါစ​အောက်​​ခြေဝန်​ထမ်း ​သေး​သေး​လေးက သူ​ဋ္ဌေးနှင့်​ ​တွေ့ရမယ်​ဆို​တော့ စိတ်​လှုပ်​ရှားရတာအမှန်​ပင်​ ။ အလုပ်​ဝင်​​နေ​သော တစ်​​လျှောက်​လုံး​တွေ့ရတဲ့အ​ခေါက်​က လက်​ချိုး​ရေ၍ပင်​ရတာမို့ ​တေ့​တေ့ဆိုင်​ဆိုင်​​တွေ့ဖို့​ခေါ်သည်​ဟုဆို​တော့ သူ ​ဇော​ချွေးပြန်​ ချင်​​နေ​လေသည်​ ။

" Wu Chanyeol ....."

" ဟုတ်​ကဲ့ သူ​ဋ္ဌေး "

"လာထိုင်​လာ "

သူ​ဋ္ဌေးရုံးခန်းထဲရှိ ဆိုဖာ​ပေါ်တွင်​ဝင်​ထိုင်​ရင်း သူ​ဋ္ဌေးက အလုပ်​စားပွဲမှထလာကာ သူ့​ရှေ့တွင်​ဝင်​ထိုင်​သည်​ ။
ရုံးတွင်​အလှဆုံးဟု Baekhyun​သတ်​မှတ်​ထား​သော အတွင်း​ရေးမှူး​မ​ချော​ချော​လေးက ​ကော်​ဖီလာချ​ပေးသွားတာမို့ Baekhyun ကိုပြန်​ကြွားရမည့်​အ​ရေး​တွေးပြီး သူမသိမသာ​လေးပြုံးလိုက်​မိသည်​ ။

" Wu Yifan ရဲ့ ညီ​လေးဆို ?"

ကိုယ့်​ဟာကိုယ်​အ​တွေးထဲနစ်​​မြော​နေရာမှ သူ​ဋ္ဌေးကစကားစလာတာမို့ သူအာရုံပြန်​စိုက်​လိုက်​ရသည်​ ။

" အာ...ဟုတ်​ပါတယ် သူ​ဋ္ဌေး "

"​စော​စောကတည်းက ​ပြောမှ​ပေါ့ Yifan ညီ​လေးမှန်းသာသိရင်​ ​သေချာ ဂရုစိုက်​​ပေးရမယ့်​ဟာကို "

"မဟုတ်​တာ အခုလဲအရမ်းအဆင်​​ပြေပါတယ်​ ကျွန်​​တော့ကိုဘာလို့​တွေ့ဖို့​ပြောတာလဲမသိဘူး "

November RainWhere stories live. Discover now