*Never get too attached to anyone unless they also feel towards you ,because one sided expectation can mentally destory you .*
အိမ်ထဲထိမဝင်ရသေးပေမယ့် မီးဖိုချောင်ထဲကရယ်သံတေံက ခြံထဲထိပင်လွင့်ပျံလို့ ။
Kris hyung ရဲ့မဟေသီ ဒီနေ့အိမ်တွင်ထမင်းလာစားမည် စောစောပြန်ခဲ့ဟု မေမေကပြောသဖြင့် တမင်နောက်ကျမှ အိမ်ကိုပြန်သော်လဲ အဲ့ဒီ့အစ်မကပြန်သေးပုံမရ ။
ခြံဝမှာပင် ခြေလှမ်းတွေကတုံ့ဆိုင်းကုန်သည် ။
အိမ်ထဲထိဝင်လိုက်ရမလား ဒါမှမဟုတ်အပြင်ပြန်ထွက်သွားရမလားဆိုသော အတွေးတွေနှင့် ။"Chanyeol ပြန်ရောက်နေပြီလား သွားသွားအိမ်ထဲမှာ chanyeolကြိုက်တဲ့ ကြက်ဥပေါင်းကိုရှယ်လုပ်ထားပေးတယ် ထမင်းလေးခူးစားလိုက်နော် အန်တီအမှိုက်သွားပစ်လိုက်ဦးမယ် "
အတွေးမှမဆုံးသေး အိမ်တွင်အလုပ်လုပ်သောအဒေါ်ကြီးက အမှိုက်ထုတ်ကိုင်ဆွဲကာ အိမ်ပြင်ထွက်လာတာမို့ သူ့ကိုမြင်တွေ့သွားကာ ထမင်းစားဖို့ကိုတိုက်တွန်းနေလေသည် ။
ဗိုက်ဆာနေသော်လဲ အိမ်ထဲမဝင်ချင်သေးတာမို့
"ကျွန်တော်မဆာသေးလို့ အမှိုက်သွားပစ်ပေးမယ်လေ ပေးကျွန်တော့ကို "
"Aigoo Chanyeolလေးကို အန်တီကမခိုင်းရက်ပါဘူးနော် ...ဆရာကတော်ရေ Chanyeolပြန်ရောက်နေပြီ ကျွန်မအမှိုက်သွားပစ်မှာမို့ Chanyeolလေးကိုထမင်းခူးကျွေးလိုက်ပါဦး "
သောက်ဂွဘဲ အိမ်ထဲမဝင်ချင်လို့ တမင်ရှောင်ထွက်မလို့ပါဆိုမှ အိမ်ကအဒေါ်ကြီးက သူ့ကိုလဲပြောရင်းမေ့မေ့ကိုပါလှမ်းအော်လိုက်တာမို့ မေမေက တံခါးဝထိပါရောက်လာလေသည် ။
"နောက်ကျလိုက်တာ သားရယ် မမက သားကိုစောင့်နေတာ သားအစ်ကိုကမိတ်ဆက်ပေးချင်တယ်ဆိုလို့ "
ကျောတွင်လွယ်ထားသောကျောပိုးအိတ်ကိုမေမေကဆွဲယူသွားကာ ဦးထုပ်ဆောင်းထားတာကိုပါချွတ်ချင်နေတာမို့ အရပ်ရှည်ရှည် သူက ဒူးအသာအယာကွေးပေးရသည် ၊၊ မေမေကဦးထုပ်ဆောင်းထားသဖြင့် ပိကပ်နေသောသူ့ဆံပင်တွေကြားလက်ဖြင့်အသာအယာဖွပေးရင်း hyung နဲ့ သူ့မဟေသီတို့ လိုက်ဖက်ညီညီ အတွဲကျကျ ထိုင်နေသော လက်ဖက်ရည် ဝိုင်းထဲ တွန်းလွှတ်သည် ။
YOU ARE READING
November Rain
FanfictionI'm so glad the universe let me meet you ❤ Amazing cover photo by Xback-KHHK💚