Part-14

1.6K 205 34
                                    

* Never give up on anybody. Miracles happen everyday.*

စီးပွား​ရေးနယ်​ပယ်​က အင်​အားကြီး မိသားစုနှစ်​စုရဲ့မင်္ဂလာ​ဆောင်​မို့ လာသမျှလူ​တွေအကုန်​လုံးရဲ့ ဝတ်​စားဆင်​ယင်​မှု အပြင်​အဆင်​​တွေက ပြိုးပြိုးပျက်​ပျက်​ နှင့်​အဆင့်​အတန်းရှိစွာတင့်​တယ်​​နေ​လေသည်​ ။

လူအ​ရေအတွက်​အကန့်​သတ်​နှင့်​ လုပ်​​သောပွဲမို့ လူသိပ်​မများသလိုအရမ်းလဲမနည်းလှ ။ ကင်​မရာ​တွေ သီတင်း​ထောက်​​တွေလဲမပါ​သောပွဲက သူ့အမျိုးကိုယ့်​အမျိုးသာဖိတ်​ထားတာမို့ စုစုရုံးရုံးနှင့်​ စည်​ကား​နေ​လေပြန်​သည်​ ။
အဖြူ​ရောင်​ပန်း​တွေ စလိုက်​မီးအ​ရောင်​​တွေကြား ခန်းမက လှချင်​တိုင်းကိုလှလို့ ။ ပွဲစီစဉ်​သူ​တွေ ​ယောက်​ယက်​ခတ်​ကာ ဟို​ပြေးဒီ​ပြေးဖြစ်​​နေ​ပေမယ့်​ Chanyeol က​တော့​ယောင်​​တောင်​​တောင်​ ။

" သားငယ်​​လေး "

ထိုစဉ်​​ ​စော​စောက ဧည့်​သည်​ဧည့်​ခံ​နေတဲ့​မေ​မေကသူ့နား​ရောက်​လာသည်​ ။ ​မေ့​မေ့မျက်​ဝန်း​တွေက​တော့ သူ့ကိုစိုက်​ကြည့်​လို့ ။ အဆင်​​ပြေရဲ့လား​မေးချင်​​နေ​ပေမယ့်​ ​မေးလို့မထွက်​တဲ့ပုံ​ပေါ်သည်​ ။ မင်္ဂလာပွဲကို ဇွတ်​အတင်းလုပ်​တဲ့ hyung ကိုမနိုင်​လို့သာ လွှတ်​ထားရ​ပေမယ့်​ ​မေ​မေက သူ့ကိုလဲသနား​နေပုံ​ပေါ်သည်​ ။ ထို့​ကြောင့်​ပင်

" သားအဆင်​​ပြေတယ်​​မေ​မေရဲ့ အဲ့တာ​ကြောင့်​စိတ်​ကိုအရှုပ်​မခံနဲ့ ဒီ​နေ့​မေ​မေကအ​ပျော်​ဆုံးဖြစ်​​နေရမှာ​လေ "

"သားကို​မေ​မေကအားနာတာ သားစိတ်​ဘယ်​လိုရှိ​နေလဲ​သေချာသိ​နေတာ​တောင်​ ​မေ​မေကဘာမှမလုပ်​​ပေးနိုင်​ခဲ့လို့ "

စပြီး​မွေးစားကတည်းက သူ့အတွက်​ ဒီအမျိုးသမီးလုပ်​​ပေးခဲ့တာအများကြီးကဖြစ်​သည်​ ။ အလုပ်​များ​ပေမယ့်​ ​ကျောင်းထမင်းဘူး ကမှအစ အဝတ်​အစားဆင်​​ပေးတာအဆုံးလစ်​ဟင်းမှုမရှိ သူမလက်​သူမ​ခြေနှင့်​အကုန်​ပြီးပြည့်​စုံ​စေခဲ့သည်​ ။ ရခဲ့သမျှထဲမှာ တန်​ဖိုးအရှိဆုံးချစ်​ခြင်း​မေတ္တာ​တွေ​ရော ။ မိဘအရင်းက​တောင်​မချစ်​နိုင်​လို့ စွန့်​ပစ်​သွားခဲ့တဲ့သူ့အ​ပေါ် အကြင်​နာ​တွေယိုဖိတ်​​ပေးခဲ့တာကို​တော့​ကျေးဇူးအတင်​ဆုံးဖြစ်​သည်​ ။

November RainWhere stories live. Discover now