Part-15(Warning )

2.2K 168 32
                                    

* I wanna do bad things with you *

ရေချိုးခန်းထဲ ဝင်​သွားတဲ့ Hyung ​ကြောင့်​ ​ရေချိုးပြီးသား သူက အပြင်​မှာကျန်​ခဲ့သည်​ ။ မျက်​စိ​အောက်​ကအ​ပျောက်​မခံချင်​ဘူးဆိုတာ ဒါမျိုးကို​ပြောတာဖြစ်​သည်​ ။ Hyung ​ရေသွားချိုး​နေတုန်းသူ့မှာ အိပ်​ခန်းထဲ​ငေါင်​စင်းစင်းနှင့်​ ဘာလုပ်​လို့ဘာကိုင်​ရမှန်းမသိ...

Hyung က​ရေချိုးလျှင်​ နဲနဲကြာ​လေ့ရှိတာမို့ ပိုပိုလိုလိုယူလာမိ​သော စီးကရက်​ဘူးနဲ့ မီးခြစ်​ဆွဲယူပြီး ဝရံတာ မှန်​တံခါး  ဖွင့်​လိုက်​​သောအခါ ​လေပြင်းများက သူ့ကိုအလုအယက်​ တိုး​ဝေ့တိုက်​ခတ်​သွားသည်​ ။ ရာသီဥတုကသာယာတာမို့ ​နေဝင်​​နေ​ပေမယ့်​ အလင်း​ရောင်​ကရှိ​နေတုန်းပင်​ဖြစ်​သည်​ ။ စီးကရက်​အားပြင်းပြင်းရှိုက်​ပြီး အ​ငွေ့​တွေကို မှုတ်​ထုပ်​ကာ ပျင်းရိစဖြစ်​​နေသော သူ့စိတ်​တို့အား အဆင်​​ပြေလို​ပြေငြား လုပ်​ကြည့်​မိသည်​ ။

သို့​သော်​ ဘာမှမထူး ။ ​အဆင်​မ​ပြေခင်​ ပြသနာ​ပေါင်း​သောင်း​ခြောက်​​ထောင်​နှင့်​ hyung နှင့်​ ရန်​ဖြစ်​​နေတုန်းက​တောင်​ ဒီ​လောက်​ခံစားချက်​မဆိုးဝါးခဲ့ ။ အခုက အ​ဝေးကြီးသွားတာမဟုတ်​ပါဘဲ တစ်​အိမ်​ထဲအတူတူ​နေရပါ​နေရက်​နှင့်​ သူ့မှာ ရင်​ပူ​နေရသည်​ ။ အဖြစ်​သည်းလွန်းတဲ့ ကိုယ့်​ကိုယ်​ကို ရယ်​ချင်​မိပြီး အပြုံး​တွေဟာ ထိန်းမရ​​တော့ ။

"ဘာ​တွေရယ်​​နေတာလဲ ဘီကီနီနဲ့​ကောင်​မ​လေး​တွေကို ​တွေ့လို့လား ဟုတ်​လား ? "

ထိုအချိန်​တွင်​ ခါးကိုသိုင်းဖက်​လာတဲ့ ​ရေချိုးပြီးစ hyung လက်​​အေးစက်​စက်​​တွေ ။ အမြဲခိုဝင်​​နေကျ​နွေး​ထွေးတဲ့  ရင်​ခွင်​က ဒီတစ်​ချိန်​တွင်​​တော့ ​ရေချိုးပြီးစမို့ ​ရေစက်​လက်​နှင့်​​အေးစက်​လို့ ၊၊

" ဟုတ်​တယ်​ ​ရေသူမ​လေး​တွေနဲ့ ကလူ​နေတာ "

သူ့အ​ဖြေအဆုံး hyung က​အော်ကာရယ်​ပါ​တော့သည်​။ ဘီကီနီနဲ့​ကောင်​မ​လေး​တွေ့ရ​အောင်​လဲ အပန်း​ဖြေစံအိမ်​က ကမ်း​ခြေနီးနီးနားနားမှာမဟုတ်​ ။ hyung က သူ့အဖိုးဆီကအ​မွေရထား​သော ကျွန်းတစ်​ကျွန်း​ပေါ်တွင်​ ​ဆောက်​လုပ်​ထားခြင်းသာဖြစ်​သည်​ ။ ကမ်း​ခြေသို့​ရောက်​အပြီး speed boat  နှင့်​​တောင်​ နာရီဝက်​ ​လေးဆယ့်​ငါးမိ​လောက်​သွားရ​သေးသည်​ ။

November RainWhere stories live. Discover now