အလုပ်သွားနေကျမို့ မျက်လုံးတွေက ငါးနာရီခွဲဆိုအတိအကျကို ပွင့်သည် ။ နိုးလာတာနဲ့ချက်ခြင်းမထသေးဘဲ ဟိုလှည့်ဒီလှည့်နှင့် အိပ်ရာပေါ်မှာ ဇိမ်ယူမိသည် ။
ထမည်ဟုစိတ်ပိုင်းဖြတ်ပြီး ကိုယ်ပေါ်က စောင်ကို ဆွဲခွာလိုက်တော့ သူ့ခြုံနေကျစောင်မဟုတ် ။ ကြောင်တောင်တောင်ဖြင့် အိပ်ရာကိုပြန်ကြည့်မိလိုက်တော့လဲသူ့အိပ်ရာမဟုတ် ။ အခန်းကို ဝေ့ကြည့်မိတော့ Hyung အခန်းဖြစ်နေလေသည် ။ ဘယ်လိုဖြစ်လို့ရောက်လာတာလဲဆိုတာတွေးစရာကိုမလို။ မူးပြီးမှောက်နေတဲ့ သူ့ကိုခေါ်ဖို့ baekhyung ကhyung ကိုဖုန်းဆက်လိုက်တာမှန်းသိသာနေတာမို့လို့ ။ထိုအချိန်တွင် အခန်းထဲဖျော်ရည်ခွက်ကိုင်ပြီးဝင်လာတဲ့ မေမေ ...အိပ်ချင်မူးတူးနဲ့ဖြစ်နေသောသူ့အား အသာရယ်ပြီး ဖျော်ရည်ခွက်ကိုကမ်းပေးသည် ။
" နိုးပြီလားသားငယ် ...စောသေးတယ်ပြန်အိပ်ချင်အိပ်လိုက်ပါလား သားအစ်ကိုက နေ့လည်လောက်သားနဲ့အတူ သားအလုပ်ခန်းကိုသွားကြည့်မှာမို့လို့ဆိုပြီး ဆိုင်ကိုစောစောသွားလေရဲ့ ..."
"သားအလုပ်သွားရဦးမယ်မေမေ ...တစ်ပတ်လောက်သူဋ္ဌေးက ဆက်လုပ်ပေးဖို့ပြောထားတယ် "
"Yifan ကသူဖုန်းဆက်လိုက်မယ်တဲ့ စိတ်မပူနဲ့ "
အဲ့လိုလဲရတာပဲလား? အားကြိုးမာန်တက် လျှောက်ထားရတဲ့အလုပ်ကိုဖြုတ်ပစ်တယ် ။ ကြားထဲအလုပ်သမားအသစ်မရောက်ခင် သူပါမသွားတော့ဘူးဆိုလျှင် အလုပ်အတူလုပ်နေရတဲ့လူတွေ အလုပ်များကုန်တော့မည်ဖြစ်သည် ။ အမြဲတမ်း သူဋ္ဌေးဘဲလုပ်နေရတော့ အောက်ခြေအလုပ်သမားဘဝကို hyung ကနားမလည်ဘူးထင်ပါရဲ့ ...
*sigh *
စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်တော့ မေမေက ခုတင်ပေါ်ဝင်ထိုင်ရင်း ဖျော်ရည်ခွက်ကိုင်ထားသည့်လက်ကို ကိုင်ရင်း နှုတ်ခမ်းနားတေ့ပေးသည် ။ မသိရင် သုံးနှစ်သားကဘေးငယ်တွေ ရေခွက်ကိုင်ပြီး ရေစသောက်သည်ကို ဘေးကလူကြီးတစ်ယောက်ကကိုင်ပေးထားသလိုမျိုးကိုဖြစ်နေလေသည် ။
ŞİMDİ OKUDUĞUN
November Rain
Hayran KurguI'm so glad the universe let me meet you ❤ Amazing cover photo by Xback-KHHK💚