*If you can't hold it ,just cry *
ကမ်းပေးခဲ့တဲ့လက်ကနွေးထွေးလွန်းတယ် ...
ဂေဟာမှာ ခွဲတမ်းနဲ့ရတဲ့ပေါင်မုန့်ကြမ်းကြမ်းတွေထက် hyung ကျွေးတဲ့ cookiesတွေကပိုအရသာရှိတယ် ...
အမြဲတမ်း မျက်ဝန်းတွေထြဲကင်နာရိပ်တွေသူ့အတွက်ဆို ပြည့်နေတက်တယ် ။ အနေတည်ပြီးအရယ်အပြုံးနည်းတဲ့ hyung ကလေ ။
ကျောင်းကပြန်လာတိုင်း စာအတူတူကျက်မယ်ဆိုပြီး အိမ်စာတွေကူလုပ်ပေးတက်တဲ့ hyung က သူ့မျက်လုံးထဲအတောင်ပံမပါတဲ့နတ်သားလေးနဲ့တူတယ် ။
မေမေပေးသမျှမုန့်ဖိုးကို သူကတော့မုန့်စားပစ်ပေမယ့် hyung ကစုပြီး သူ့အတွက် ဖိနပ်လေးတွေ အနွေးထည်လေးတွေဝယ်လေ့ရှိတယ် ။ သူဝယ်ပေးသမျှ ထုတ်ဝတ်ရင် ပြုံးပျော်နေတက်တာပါပဲ ။
သူ့အရိပ်အကဲအရမ်းနားလည်တယ် ။ သူကသာ hyung ကိုတစ်ခါတလေနားမလည်ပေမယ့်ပေါ့ ။
တစ်ကယ်တမ်းသေချာတွက်ချက်ကြည့်ရင် သူ hyung ကိုချစ်တယ်ဆိုတာထက် hyung ကပိုခဲ့တယ်ထင်တယ် ။
ရတယ် ...
အဲ့လောက်ဆို ရပါပြီ ...
ချစ်တယ်ဆိုတာသိနေတာမို့ ရပါပြီ ...____________________________________
"စိတ်တိုင်းကျလား?ဘယ်နားထပ်ပြင်ချင်သေးလဲ?"
အလုပ်ခန်းတဲ့ ...
သူကိုယ်တိုင်တောင်မစဉ်းစားဖူးတဲ့ သူ့ရဲ့ကိုယ်ပိုင်အလုပ်ခန်းက hyung ရဲ့ စီစဉ်မှုတွေအောက် အပိုအလိုမရှိထောင့်ကိုစေ့လို့ ...မတ်တပ်ရပ်ပြီး Design ဆွဲလို့ရမယ့် စင်တွေ ...
လူဆယ်ယောက်ဝန်းကျင်လောက်ကောင်းကောင်းလည်ပတ်လို့ရမယ့် ကျယ်ကျယ်ဝယ်ဝယ် အလုပ်ခန်းထဲ ကွန်ပျူတာ နှင့် စက်ကိရိယာပေါင်းစုံ ကအဆင်သင့်နေရာယူလို့ ...ထို့ပြင် ကော်ဖီဖျော်စက်နားတွင် သူသောက်တဲ့ကော်ဖီတံဆိပ်ဘူးတွေက အစီအရီ ...

VOCÊ ESTÁ LENDO
November Rain
FanficI'm so glad the universe let me meet you ❤ Amazing cover photo by Xback-KHHK💚