Part-6

1.5K 192 42
                                    

* Broken heart still carry love *

" အဲ့လိုမျိုးလုပ်​မှာဆိုဘာလို့ကြင်​ယာဖက်​ လာ​တွေ့​နေရ​သေးတာလဲ "

"​တောင်းပန်​ပါတယ်​"

"​အေး​လေ ငါကကိုမှားတာ ...Ace လက်​ဝတ်​ရတနာဆိုင်​က သားအငယ်​ဆိုတာနဲ့ ကြား​နေရတဲ့သတင်း​တွေကိုလျစ်​လျူရှုပြီးလာလိုက်​မိတာ "

ဒါပါဘဲ ...​နောက်​ဆုံး​တော့လည်း ...
ပိုက်​ဆံရှိတဲ့အိမ်​ကသားမို့လို့ တစ်​​ယောက်​ပြီးတစ်​​ယောက်​ငြင်း​နေရင်းနဲ့​တောင်​ သူကသမီးရှင်​​တွေအတွက်​မျက်​စိကျစရာ ဖြစ်​​နေပုံပါပဲ ...

ခပ်​မဲ့မဲ့ပြုံးလိုက်​မိခြင်းကဘာအတွက်​လဲ မ​ရေရာ ..
သားနားလှ​သော စား​သောက်​ခန်းမက hyung စီစဉ်​ထားသည့်​​နေရာမှန်းသိသာစွာ ခန်းနားထည်​ဝါ​နေသည်​က သူ့အား​လှောင်​​ပြောင်​​နေသလို ...

"အထင်​လွဲ​နေတဲ့ပုံပဲ ...ကျွန်​​တော်​က အဲ့အိမ်​ကသားအရင်းမဟုတ်​ပါဘူး အသက်​ဆယ့်​တစ်​နှစ်​မှာ​မွေးစားခံခဲ့ရတာပါ "

ရှေ့ကမိန်းမလှ ဘာမှ​ပြောစရာမရှိ​တော့သလို jaw dropဖြစ်​သွားတာကိုခပ်​သာသာ​ငေးရင်း သူရယ်​ချင်​လာသည်​ ။

သူ​ဋ္ဌေးသမီး​တွေများ ရှိတဲ့မိဘချမ်းသာ​နေရဲ့သားနဲ့​တောင်​ ချမ်းသာတဲ့​ယောက်ျားရှာယူကြ​သေး ...
ဘယ့်​နှယ့်​ ကိုယ်​ကချစ်​ပြီးကိုယ့်​ကိုချစ်​တဲ့လူကိုရှာမှ​ပေါ့ တကယ်​ပါဘဲ ...

"အဲ့​တော့ ​ရှင်​ဆိုလိုတာက ...အဟား ..စိတ်​တိုလိုက်​တာ ဘာကဘယ်​လိုဖြစ်​တယ်​ ...​မွေးစားသား ဟုတ်​လား "

ခြယ်​ထားတဲ့ပါးနီအ​ရောင်​က ပန်း​ရောင်​က​နေ ​ဒေါသ​ကြောင့်​ တစ်​မျက်​နှာလုံးအနီ​ရောင်​သမ်းလာတဲ့ အ​ရှေ့ ကမိန်းက​လေးကို ကြည့်​ရင်း သူအူမြူးလာရသည်​ ။
Hyung စီစဉ်​​ပေးထားတဲ့ စား​သောက်​ဝိုင်းက ဝိုင်​အရှိန်​​ကြောင့်​လဲ ပါလိမ့်​မ​ပေါ့ ...

" ​ရှေ့က ​​တွေ့တဲ့အမျိုးသမီး​တွေကို​တော့မ​ပြောဖြစ်​ပါဘူး ကိုယ်​ငြင်းလိုက်​ရင်​ သူတို့ထွက်​သွားတာဘဲ မင်းက​တော့ စကားနည်းနည်းများ​နေတာမို့လို့ "

November RainWhere stories live. Discover now