Part-5

1.6K 188 34
                                    

*You or none *

"ချစ်​တယ်​ hyung "

အဲ့​နေ့က chanyeol ဖွင့်​​ပြောတဲ့​နေ့ ...
ကိုယ်​အကုန်​လုံးအ​ဆောတလျှင်​ဆုံးဖြတ်​ဖို့ လိုလာတဲ့​နေ့

ချစ်​​နေရတဲ့လူဆီက ပြန်​အချစ်​ခံရတာ​တောင်​ ကိုယ်​မ​ပျော်​ဘူး chanyeol ...

ဖွင့်ေ​ပြာ​ပေမယ့် ​တစ်​လက်​လက်​ဖြစ်​​နေတဲ့ မျက်​ဝန်း​တွေထဲမှာ စိုးရိမ်​ထိန့်​လန့်​မှု တစ်​စိုးတစိ​တောင်​ရှိမ​နေတဲ့အထိ ကိုယ့်​အချစ်​​တွေက သိသာခဲ့တာလား က​လေး ? ...

တစ်​သက်​လုံး​နောင်​တရမယ်​ဆိုရင်​​တောင်​ မချစ်​လို့မ​ရွေးချယ်​တာမဟုတ်​ဘဲ ချစ်​လွန်းလို့မ​ရွေးချယ်​ခဲ့ဘူးဆိုတာမင်းကိုမသိ​စေချင်​ဘူး ငယ်​ !...

____________________________________

" ​မေ​မေ ဒါက မာရီကို အကူအညီ​တောင်းပြီး Chanyeol အတွက်​ ကြင်​ယာဖက်​​တွေ့ဖို့လုပ်​ထားတာ "

" ​နေပါဦး ! သားငယ်​ကဘာလို့ ..."

မေ့​မေ့အကြည့်​ကမလုံမလဲနဲ့ မီးဖို​ချောင်​ထဲမှာ အသီးခွဲ​နေတဲ့ မာရီဆီလှမ်းကြည့်​ပြီး သူ့ကိုခပ်​ကြိတ်​ကြိတ်​ ဆူဖို့ပြင်​​နေသည်​ ။ သူနားမလည်​စွာ​မေ့​မေ့ကိုကြည့်​ရင်း ..

" သားငယ်​ စိတ်​ကိုမသိလို့ အဲ့လိုလုပ်​​နေတာလား yifan ? မင်း မာရီနဲ့လက်​ထပ်​မယ်​ဆိုတာ​တော့ထား မာရီက​မေ​မေလဲသ​ဘောကျတယ်​ ရတယ်​ ...အဲ့ဒီ့အထိဖြစ်​​သေးတယ်​ သူ့ဘာသာသူ​နေတဲ့ က​လေးက ဘာလို့ ..."

"​မေ​မေ သိ​နေတာလား ?"

" Chanyeol က ​ပြောပြတယ်​ ...အဲ့တာ​ကြောင့်​အပြင်​ထွက်​​နေဖို့ခွင့်​ပြုလိုက်​တာ​ပေါ့ ...နို့မိုဆို ငါက ငါ့သားကို ရင်​အုပ်​မကွာ ထားချင်​​သေးတာ "

မေ​မေ​ဒေါသထွက်​​နေမှန်း သိသာပါသည်​ ။ စိတ်​သ​ဘောထားနူးညံပြီး အမြဲတ​စေ​နွေး​ထွေး​ပေးတက်​တဲ့ ​မေ​မေက ငါ​တွေဘာ​တွေ သုံး​နှုန်း​နေတာ​ကြောင့်​ ​မေ​မေ့စိတ်​အ​ခြေအ​နေကို yifan မှန်းဆ၍ပင်​ရ​နေပါပြီ ။

" မဖြစ်​နိုင်​ဘူးမှတ်​လား ? Chanyeol နဲ့သားနဲ့က
မဖြစ်​သင့်​ဘူးမှတ်​လား "

November RainWhere stories live. Discover now