Part-7

1.5K 186 23
                                    

*It's not love ,
If it's not you.*

" chanyeol ​လေးက ဒီအိမ်​ကသားအရင်းမဟုတ်​ဘူးဆို "

စပါကတီစား​နေတဲ့ ခရင်း​ကိုင်​ထားတဲ့လက်​​တွေရပ်​တန့်​သွားပြီး မျက်​နှာမ​မော့ဘဲ မျက်​လုံးသာလှန်​ကြည့်​တဲ့ yifan ရဲ့ ​ကြောက်​စရာပုံရိပ်​ဟာ ဒီတွဲ​နေတဲ့အ​တောအတွင်းမှာ ပထမဆုံးမို့ သူမလန့်​​တော့လန့်​သွားသည်​ ။

"ဘယ်​သူက​ပြောတာလဲ "

ပါးစပ်​ကို ​ပေါင်​မှာခင်းထားတဲ့ အဝတ်​အဖြူနဲ့ ညင်​သာစွာ သုတ်​ပြီး တည်​ငြိမ်​ခက်​ထန်​စွာ ​မေးတာမို့ ​ပြောမယ့်​စကား​တွေပါ​ထစ်​​ငေါ့ကုန်​သည်​ ။

"ဒီ....ဒီလိုဘဲ သတင်းကြားလို့ "

"ကိုယ့်​သူ့ကို ကိုယ့်​​သွေးသားထက်​​တောင်​ပိုချစ်​​သေးတယ်​ ညီအစ်​ကိုရင်းရှိခဲ့မယ်ဆိုရင်​တောင်​​​​ chanyeolကို ချစ်​သလိုချစ်​နိုင်​ဖို့မ​သေချာဘူး "

သိတယ်​ အဲ့​ကောင်​​လေးကိုဆိုအ​ရေး​ပေးကြတာများ... မ​တော်​ရ​သေးတဲ့​ယောက္ခမက​ရော yifan က​ရော ...chanyeolက သူမကိုမကြည်​လင်​တာမို့ chanyeol အလုပ်​က​နေ အိမ်​ပြန်​လာမယ့်​​နေ့​တွေဆို သူမသိသိကြီးနဲ့ အလိုက်​တသိ​စော​စောပြန်​ရတာ​တွေပင်​ရှိ​သေးသည်​ ။

သားအရင်းမို့လို့ ပစား​ပေးရတယ်​ဆိုရင်​က​တော့ထားလိုက်​​တော့ သူမ,ခံသာ​သေးသည်​ ။ ​မွေးစားသားတစ်​​ယောက်​အ​နေနှင့်​ကသူမအ​ပေါ်ဒါမျိုးဆက်​ဆံခြင်းကို​တော့ သည့်းမခံနိုင်​ ။

" ဒါ​ပေမယ့်​ ​ပြောပြထားသင့်​တယ်​​တော့မဟုတ်​ဘူးလား "

" chanyeol ​ကိုမွေးစားထားတဲ့ကိစ္စနဲ့ ကိုယ်​တို့လက်​ထပ်​မယ့်​ကိစ္စဘာမှမပတ်​သတ်​ဖူးလို့​တော့ထင်​တာဘဲ "

Chanyeolနှင့်ြ​ကင်​ယာဖက်​သွား​တွေ့တဲ့​ကောင်​မ​လေးက မျက်​ရည်​နဲ့မျက်​ခွက်​ ငိုငိုပြီး​ပြောတာကိုသူမအပိုလုပ်​​နေတာဟုပင်​ထင်​ခဲ့သည်​ ။
ကိုယ်​က​တော့​ကောင်း​စေချင်​လို့စီစဉ်​​ပေး​ပေမယ့်​ မျက်​နှာပျက်​ရတာ အကြိမ်​ကြိမ်​ ​နောက်​ဆုံးတစ်​​ယောက်​က​တော့အဆိုးဆုံးပင်​ဖြစ်​သည်​ ။

November RainHikayelerin yaşadığı yer. Şimdi keşfedin