I found the reason to smile , the day I found you ...
Chanyeol သူ့မျက်စိရှေ့စရောက်လာခဲ့စဉ်က chanyeol အသက် ဆယ့်တစ်နှစ်ဖြစ်ပြီး သူ့အသက် ဆယ့်သုံးနှစ်အရွယ်ဖြစ်သည် ။
အိမ်ရှေ့က ဆိုဖာပေါ်တွင်ငြိမ်ငြိမ်လေးထိုင်ကာ မေ့မေ့ကိုလဲမကြည့် သူ့ကိုလဲမကြည့်သော ထိုကောင်လေးအား နိုင့်ထက်စီးနင်းလုပ်ဖို့နေနေသာသာ သနားအကြင်နာပိုခဲ့ရသည် ။
မိဘမဲ့ဂေဟာတွင် သူ့မွေးနေ့အတွက် ပစ္စည်းသွားလှူခဲ့ရာမှ ဂေဟာရှိ chanyeolကို မွေးစားဖို့အကြောင်းဖန်ခဲ့ခြင်းပင်ဖြစ်သည် ။
Chanyeolရဲ့မျက်ဝန်းတွေကလှပေမယ့် မတောက်ပနေတာကို သူအဲ့အချိန်က နှမြောဆုံးဖြစ်ပြီး အဲ့မျက်ဝန်းကြည်ကြည်တွေ လင်းလက်လာဖို့ သူဘာမဆိုလုပ်ခဲ့သည် ။
ကိုယ့်ဘာသာကိုယ်နေရင် မစားဖြစ်သော biscuit, cookieတွေဟာ ထိုကောင်လေးနဲ့ရင်းနှီးချင်တာကြောင့် သွားသွားကျွေးရင်း ...
*hyung ...ရောမစားဘူးလား *ဆိုသော အဖော်စပ်သလိုစကားကြောင့် လိုက်စားဖူးခဲ့သည် ။ မေမေကတော့ အံသြသလိုကြည့်ရင်း ရယ်မောခဲ့တာကိုလဲမှတ်မိသေးသည် ။
နှစ်ယောက်သား ကျောင်းအတူတူတက်ရင်း ကျောင်းဆင်းချိန်အိမ်မပြန်ဘဲ ရပ်ကွက် တစ်ပတ်ဆော့ကြတာမို့ လူကအိမ်မရောက်သေးခင် မေ့မေ့ဆီအရင်တိုင်ခံရနှင့်ပြီးနေပြီ ။ ဒေါသမထွက်ပါပဲ စိတ်ဆိုးချင်ယောင်ဆောင်သော မေ့မေ့အား သူ့တို့နှစ်ယောက်အတင်း ဖက်နမ်းကြလျှင်တော့ အိမ်လေးထဲရယ်သံတွေဆူဝေသွားစမြဲ။
အမှတ်တရတွေလဲများတယ် ...
ချစ်ခြင်းမေတ္တာ တွေရောဘဲ ...
အစ်ကိုတစ်ယောက်က ညီလေးအပေါ်ထားတဲ့ မေတ္တာတွေထက် ပိုခဲ့ရင်လဲပိုခဲ့ နိုင်လောက်ပေမယ့် ...ဟင့်အင်း ပိုတယ် သေချာပေါက်ကိုလေ ...မျက်ဝန်းကြည်ကြည်တွေ ပြုံးရိပ်သန်းနေမှကြိုက်သည် ။
နှုတ်ခမ်းထူထူ တွေကအားပါးတရရယ်လိုက်လျှင် သူပါလိုက်ရယ်မိပြီး ပါးတစ်ဖက်ဆီက ပါးချိုင့်ပေါ်လာသည်အထိ ပျော်မြူးသွားလျှင်တော့ သူဘာမှမမြင်နိုင်သည်အထိ အဲ့အပြုံးတွေကို ထိန်းသိမ်းပေးချင်လာသည် ။
YOU ARE READING
November Rain
FanfictionI'm so glad the universe let me meet you ❤ Amazing cover photo by Xback-KHHK💚