Part-4

1.6K 211 40
                                    

When you caught me I was falling
You're love lifted me back on my feet ❤

နွေး​ထွေးသွားတဲ့ ပါးပြင်​ရယ်​ ...
ပြန်​လှည့်​မကြည့်​တမ်း ​ကျောခိုင်းသွားတဲ့ ​အရိပ်​ငယ်​ရယ်​...
အချစ်​​တွေကိုစတင်​​ဖွင့်​ဟခဲ့သူက ထို​ကောင်​​လေးဖြစ်​​နေရက်​ က စချစ်​မိခဲ့သူက ကိုယ်​ပါဆိုရင်​​ရော ...?

အချစ်​က ချစ်​​နေရုံ ၊ ​ပေးဆပ်​ရုံ ၊ ​ဘေးနားရှိရုံ ၊ ပိုင်​ဆိုင်​ထားရုံနဲ့ မလုံ​လောက်​ဘူး ။

အချစ်​မှာက ချစ်​ရတဲ့လူ ပျက်​ဆီးဆုံးရှုံးနစ်​နာမှူမရှိရ​အောင်​ ကာကွယ်​​စောင့်​​ရှောက်​ရမှာလဲ ဝတ္တရားတစ်​ခုဘဲ ။

အထူးသဖြင့်​ ​ယောက်ျား​လေးနှစ်​​ယောက်​ချစ်​ကြိုက်​မှုမှာ​ပေါ့ ။

____________________________________

အ​ဆောင်​ဆို​ပေမယ့်​ ဆယ်​​ပေပတ်​လည်​သာရှိ​သောအခန်းကျဉ်း ​ရေချိုးခန်းအိမ်​သာပါတာကိုပင်​ ရှာရှာ​ဖွေ​ဖွေ​ကျေးဇူးတင်​ရမယ့်​ ဘုရားစူးအခန်းငယ်​သာဖြစ်​သည်​ ။
ခုတင်​တစ်​လုံးနှင့်​ စာကြည့်​စားပွဲ အဝတ်​ထည့်​ဖို့ဗီဒိုပါတာ​လေးက​တော့ ​ကျေနပ်​စရာ ။

နွမ်းလျှစွာ ထိုင်​ချမိ​တော့ ဖုန်​အထပ်​ထပ်​နှင့်​ကြမ်းပြင်​​ကြောင့်​ chanyeol ​ယောင်​ယမ်းခုန်​ထမိလိုက်​သည်​ ။
ဝတ်​ထား​သော​ဘောင်းဘီက hyung နဲ့ဆင်​တူ သူ့အကြိုက်​ဆုံး​ဘောင်းဘီမို့ ဘယ်​လိုအ​ပေအ​ရေ မှမခံနိုင်​ပါ ။

အထုတ်​အပိုး​တွေကို ခုတင်​​ပေါ်တင်​လျှက်​က သန့်​ရှင်း​ရေးလုပ်​ရသည်​ ။ ဖုန်​သုတ်​ ကြမ်းတိုက်​ပစ်​လိုက်​​တော့ အခန်းငယ်​က စစဝင်​ကာစ​လောက်​အ​နေမစိမ်း​တော့ ။

လှည့်​ပတ်​ကြည့်​ရင်း အိမ်​မှာ ငိုကျန်​ရစ်​ခဲ့​သော​မေ့​မေ့ကိုသတိရလာသည်​ ။ အိမ်​နဲ့ခွဲရတာ ​နေ့တစ်​ပိုင်းပင်​မပြည့်​​သေး အိမ်​ဟင်းအိမ်​ထမင်း​နွေး​နွေးကိုသတိရလာသည်​ ။

ပြီး​တော့ hyung ...
ဘယ်​​လောက်​ဘဲသူ့ကို မ​ခေါ်ဘူးဆိုဆို တစ်​အိမ်​ထဲ​နေရ​တော့ ဟိုနားလှစ်​ခနဲ ဒီနားလှစ်​ခနဲနှင့်​ အရိပ်​အ​ယောင်​​လေး​တော့မြင်​ရ​သေးသည်​ ။

November RainWhere stories live. Discover now