Part-13

1.7K 225 29
                                    

* I will protect U *

ဖေ​ဖေက ​မေ့​မေ့ကို​တောင်​မကြည့်​ဖူးတဲ့အကြည့်​မျိုးနဲ့ အဲ့ဦး​လေးကြီးကိုကြည့်​တယ်​ ...

မနက်​ခင်းမှာကျ​ရောက်​တဲ့​နေ​ရောင်​ခြည်​​နွေး​နွေး​တွေလို
ကြည်​လင်​ပြီး​နွေး​ထွေး​နေတယ်​ ...

စာကြည့်​ခန်းထဲက ​ယောက်ျားသားနှစ်​​ယောက်​ရဲ့ ​ပွေ့ဖက်​မှုက ဘယ်​လိုသ​ဘောမျိုးသက်​​ရောက်​သလဲဆိုတာ ရှစ်​နှစ်​အရွယ်​ Wu Yifan ရဲ့ ​ခေါင်း​သေး​သေး​လေးကမ​တွေးတက်​ခဲ့ဘူး ...

ဒါ​ပေမယ့်​ ​နွေး​ထွေးပြီး ချစ်​ခင်​မြတ်​နိုးမှု​​တွေပါ​နေတာက​တော့ ​ဘေးကရပ်​ကြည့်​​နေတဲ့သူပင်​ ခံစားရတဲ့အထိ ...

 ဖေေ​ဖကသူ့ကိုဆို ချစ်ပြီးအလိုလိုက်တယ် ။ပူဆာစရာမလိုဘဲ အရုပ်​က​လေးကို နိုင်​ငံခြားခရီးထွက်​ရင်​ပြဲဖစ်​ဖြစ်​ ​အပြင်​သွားရင်​ပဲဖစ်​ဖြစ်​ သူ့အတွက်​ဝယ်​လာ​ပေးတက်​တဲ့​ဖေ​ဖေ​ကြောင့်​ အိမ်​မှာအရုပ်​က​လေး​တွေက ရှိရှိသမျှ ​နေရာမှာပွစာကျဲ​နေတက်​တယ်​ ...

အဲ့​နေ့က ...မိုး​တွေရွာ​နေတယ်​ ...
ပြီး​တော့သူ့​မွေး​နေ့​ရောက်​ဖို့တစ်​ပတ်​အလို ...
နယ်​ဘက်​အလုပ်​ကိစ္စနဲ့မသွားခင်​ ​ဖေ​ဖေက သူ့ကိုအကြာကြီး ​ချီကာ ဧည့်​ခန်း ထဲ လမ်း​လျှောက်​ပြီး စကား​တွေအများကြီး​ပြောတယ်​ ...ပြန်​လာရင်​ လက်​​ဆောင်​ဝယ်​ခဲ့မယ်​ဖြစ်​တဲ့အ​ကြောင်းပြီး​တော့ အသက်​တစ်​နှစ်​ကြီးလာမယ့်​က​လေး​လေးသူ့အတွက်​​ဖေ​ဖေက အရမ်းစိတ်​လှုပ်​ရှား​နေ​ကြောင်း ​ပြောတယ်​ ...

မထင်​ထားခဲ့ဘူး အဲ့​နေ့ပြီးရင်​​ဖေ့​​ဖေ့ကို မ​တွေ့ရ​တော့ဘူးလို့ ...မိုး​တွေရွာ​နေတဲ့ကြားက​နေ ​ဖေ​ဖေစီးသွားတဲ့ကားရဲ့ အချက်​ပြမီး​လေးလင်း​နေတာကို သူသတိရမိတယ်​ ...​ဖေ​ဖေ​ပေးထားခဲ့တဲ့ ​အရုပ်​လေယာဉ်​ပျံ​လေးကို ရင်​မှာပိုက်​ရင်း ​ဖေ​ဖေ့ကားကို သူလက်​​တွေ​ဝေ့ရမ်းရင်း နှုတ်​ဆက်​တာကိုလဲ မှတ်​မိ​သေးတယ်​ ...

ကားက ဘရိတ်​​ပေါက်​ပြီး ​ချောက်​ထဲထိုးကျသွားပါသတဲ့ ...​မေ​မေက​တော့အရူးတပိုင်း ...အရိုးပြာ​လေးသိမ်းချင်​တာ​တောင်​ အ​လောင်းရှာ​မ​တွေ့ခဲ့တဲ့အထိ ​ဖေ့​ဖေ့​သေဆုံးမှုကဆိုးရွားခဲ့တယ်​ ...စုံစမ်းစစ်​​ဆေးမှုတခုတ​လေမလုပ်​ပဲ အမှုပိတ်​ဖို့​ပြောခဲ့တဲ့အဖိုးစကားကြား ​မေ​မေက မလွန်​ဆန်​နိုင်​ခဲ့ ...

November RainDonde viven las historias. Descúbrelo ahora